Android ဗားရွင္း Fortnite ကို ေႏြရာသီတြင္ ျဖန္႔ခ်ိမည္

[ Zawgyi ]

လူအမ်ားေစာင့္စားေနၾကတဲ့ Fortnite ရဲ႕ Android ဗားရွင္းကို ဒီႏွစ္ ေႏြရာသီမွာ ျဖန္႔ခ်ိသြားမယ္လို႔ Epic Games က ေၾကညာခဲ့ပါတယ္။ Fortnite ရဲ႕ iOS ဗားရွင္းကို မတ္လက ျဖန္႔ခ်ိေပးခဲ့ပါတယ္။

ဒါ့အျပင္ မိုဘိုင္းပလက္ေဖာင္းအတြက္ ထပ္ေဆာင္းထည့္သြင္းမႈေတြနဲ႔ အဆင့္ျမွင့္တင္မႈအခ်ိဳ႕ကိုလည္း Epic က ေၾကညာခဲ့ပါတယ္။ မၾကာခင္မွာ voice chat ပါဝင္လာေတာ့မွာ ျဖစ္တဲ့အတြက္ ဂိမ္းကစားသူေတြက အသင္းေဖာ္ေတြနဲ႔ အျပန္အလွန္ စကားေျပာဆိုႏိုင္မွာ ျဖစ္ပါတယ္။

အသံကို mute လုပ္ထားႏိုင္သလို voice chat ကလည္း ပလက္ေဖာင္းအသီးသီးမွာ အလုပ္လုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။ စြမ္းအင္သံုးစြဲမႈ နည္းပါးေစဖို႔အတြက္ ဂရပ္ဖစ္ setting ေတြကို ေလွ်ာ့ခ်ေပးမယ့္ battery saver mode တစ္ခုလည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ မိုဘိုင္းဗားရွင္းအတြက္ stats tracking feature တစ္ခုလည္း ပါဝင္လာမွာျဖစ္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

==========

[ Unicode ]

Android ဗားရှင်း Fortnite ကို နွေရာသီတွင် ဖြန့်ချိမည်

==========

လူအများစောင့်စားနေကြတဲ့ Fortnite ရဲ့ Android ဗားရှင်းကို ဒီနှစ် နွေရာသီမှာ ဖြန့်ချိသွားမယ်လို့ Epic Games က ကြေညာခဲ့ပါတယ်။ Fortnite ရဲ့ iOS ဗားရှင်းကို မတ်လက ဖြန့်ချိပေးခဲ့ပါတယ်။

ဒါ့အပြင် မိုဘိုင်းပလက်ဖောင်းအတွက် ထပ်ဆောင်းထည့်သွင်းမှုတွေနဲ့ အဆင့်မြှင့်တင်မှုအချို့ကိုလည်း Epic က ကြေညာခဲ့ပါတယ်။ မကြာခင်မှာ voice chat ပါဝင်လာတော့မှာ ဖြစ်တဲ့အတွက် ဂိမ်းကစားသူတွေက အသင်းဖော်တွေနဲ့ အပြန်အလှန် စကားပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

အသံကို mute လုပ်ထားနိုင်သလို voice chat ကလည်း ပလက်ဖောင်းအသီးသီးမှာ အလုပ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ စွမ်းအင်သုံးစွဲမှု နည်းပါးစေဖို့အတွက် ဂရပ်ဖစ် setting တွေကို လျှော့ချပေးမယ့် battery saver mode တစ်ခုလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ မိုဘိုင်းဗားရှင်းအတွက် stats tracking feature တစ်ခုလည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena