Android ဖုန်းအဟောင်းတွေ ဝက်ဘ်ဆိုက်များစွာကို အသုံးပြုနိုင်တော့မှာ မဟုတ်

Android Police ကဖော်ပြတဲ့ သတင်းအရ လုံခြုံရေး ဝက်ဘ်ဆိုက်တွေက Android 7.1.1 Nougat အောက်က Android ဗားရှင်းတွေအတွက် ထောက်ပံ့ပေးမှာ မဟုတ်တော့ပါဘူး။

တရားဝင်လက်မှတ်ရ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း Let’s Enccrypt ဟာ တရားဝင်ထောက်ခံရေး အာဏာပိုင် IdenTrust နဲ့ပူးပေါင်းမှု ၂၀၂၁၊ စက်တင်ဘာလ ၁ ရက်မှာ ပြီးဆုံးပါမယ်။ ပူးပေါင်းမယ့် အစီအစဉ်အသစ် မရှိတာကြောင့် Let’s Encrypt ကတော့ ကိုယ်ပိုင် root တရားဝင်ခွင့်ပြုရေးကိုပဲ ပြောင်းလဲအသုံးပြုသွားမှာ ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှာ IdenTrust တရားဝင် ခွင့်ပြုရေးစနစ်ကို အသုံးပြုတော့မှာ မဟုတ်ပါဘူး။

အကျိုးဆက်ကတော့ Android ဗားရှင်းဟောင်းတွေနဲ့ မကိုက်ညီတဲ့ လုံခြုံရေးဝက်ဘ်ဆိုက်တွေကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး။

-စိုးထက်
Ref: Mashable

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««