Android ဖုန်းရဲ့ ဗီဒီယိုတွေမှာ တိုက်ရိုက်စာတန်းထိုးစနစ်ကို ဘယ်လိုဖွင့်သုံးမလဲ

မိမိက ဖုန်းနဲ့ အင်္ဂလိပ်ဗီဒီယိုကြည့်ရှုရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အသံအတိုင်း အင်္ဂလိပ်စာတန်းထိုးတွေကို ထည့်သွင်းနိုင်ဖိုံ Gogole ကနေ Android OS မှာ ထည့်သွင်းပေးထားပါတယ်။ အဲဒီလို တိုက်ရိုက်စာတမ်းထိုးစနစ်ကို ဖွင့်ပေးဖို့အတွက် Setting စနစ်ထဲကို ဝင်လိုက်ပါ။

ပြီးရင်တော့ Accessibility စနစ်ထဲကိုထပ်ဝင်ပေးပါ။

Accessibility စနစ်ထဲကိုရောက်ရင်တော့ Captions ဆိုတဲ့စာသားကိုတွေ့အောင်ရှာပြီး နှိပ်လိုက်ပါ။

အဲလိုဝင်လိုက်ရင်တော့ Captions ဆိုတဲ့စာသားဘေးနားက မှိန်နေတဲ့ ခလုတ်လေးကို အပြာရောင်ပုံစံ ပြောင်းသွားအောင် တစ်ချက်နှိပ်ပြီး ဖွင့်ပေးလိုက်ပါ။

အဲလိုဖွင့်လိုက်ပြီးရင်တော့ အပေါ်ပုံထဲကအတိုင်း ဘာသာစကား၊ ဖောင့်အရွယ်အစားတွေရွေးချယ်ပေးနိုင်ပါတယ်။ ဘာသာစကားမှာ မိမိရွေးချယ်ထားတဲ့ ဘာသာစကားကို Google translate ကနေ တိုက်ရိုက်ဘာသာပြန်ပြီး စာတန်းထိုးပေးမှာဖြစ်ပါတယ်။ မိမိအနေနဲ့ အဲလိုလုပ်ထားလိုက်ပြီဆိုရင်တော့ မိမိအနေနဲ့ ဖုန်းကနေ ဗီဒီယိုကြည့်ရှုတိုင်မှာ စာတမ်းကို ဖုန်းက အလိုအလျောက်ထိုးပေးမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း