Android ဖုန်းမှာ Google Assistant ရဲ့ ဘာသာပြန် Interpreter mode ကို ဘယ်လိုသုံးမလဲ

Google Assistant ရဲ့ အလိုအလျောက်ဘာသာပြန်ပေးတဲ့ interpreter mode ကို Android ဖုန်းသုံးသူတိုင်း မသိကြပါဘူး။ ဒီ interpreter mode လုပ်ဆောင်ချက်က အသံနဲ့ဖြစ်စေ၊ စာသားကိုဖြစ်စေ အလိုအလျောက်စကားပြောနေတဲ့အချိန်တွင်းမှာကို တိုက်ရိုက်ဘာသာပြန်ပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို တကယ်တော့ Android OS သုံးဖုန်းမှာတင်မကဘဲ iOS ဖုန်းတွေမှာပါအသုံးပြုနိုင်ပါတယ်။ မြန်မာဘာသာအပါအဝင် စုစုပေါင်းဘာသာစကား ၄၄ မျိုးလောက်ကို ဘာသာပြန်ဆိုပေးနိုင်ပြီး ဒီလုပ်ဆောင်ချက်ကို ဖွင့်ထားမယ် activated ဆိုရင်တော့ ကိုယ်ပြောလိုက်တဲ့စကားမှန်သမျှကို ဖုန်းစကရင်ပေါ်မှာ စာသားနဲ့ ဘာသာပြန်ဆိုချက်တွေကို ဖော်ပြပေးမှာဖြစ်တဲ့အပြင် အသံထွက်ပြီးလည်း ဖတ်ပြပေးမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက် ဘာသာစကားမတူတဲ့သူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ အရမ်းသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် အရင်ဆုံးဖုန်းမှာ Google Assistant ကို Hey Google ဆိုပြီး ဖွင့်လိုက်ပါ။ ပြီးရင်တော့ Google Assistant ရဲ့ search bar က စကားပြောတဲ့ မိုက် icon သင်္ကေတလေးကို တစ်ချက်နှိပ်ပြီး သင့်အနေနဲ့ ဘာသာပြန်ဆိုပေးလိုတဲ့ ဘာသာစကားကို “Hey Google, be my Russian interpreter” လို့ ပြောလိုက်ပါ။

ဘာသာစကားကို သင့်နှစ်သက်တဲ့ဘာသာစကားအဖြစ် စိတ်ကြိုက်ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ “Hey Google, be my Russian interpreter” အစား “Help me speak Spanish” ၊ “Interpert from Burmese to Dutch” ၊ “French interpreter” ဒါမှမဟုတ် “Turn on interpreter mode” ဆိုပြီး ပြောနိုင်ပါတယ်။ သင့်အနေနဲ့ “Turn on interpreter mode” စာသားကို အသုံးပြုမယ်ဆိုရင်တော့ Google Assistant ကနေ manually အနေနဲ့သင့်နှစ်သက်တဲ့ဘာသာစကားကို ရွေးချယ်ပေးဖို့ တောင်းဆိုပါလိမ့်မယ်။ ပုံမှန် default အနေနဲ့ သင်ပြောတဲ့စကားကို English အနေနဲ့ ထားထားပေးမှာဖြစ်ပြီး သင့်စိတ်ကြိုက်အသုံးပြုချင်တဲ့ဘာသာစကားကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

သင့်အနေနဲ့ ရွေးချယ်မှုတွေ လုပ်ဆောင်ပြီးရင်တော့ အောက်ကပုံအတိုင်း Interpreter mode ရဲ့ ဘာသာပြန်ဆိုထားတဲ့စာသားတွေကို ပေါ်လာမှာဖြစ်ပြီး သင့်အနေနဲ့ ပြန်လည်ပြောဆိုချင်တဲ့စကားကို မိုက်သင်္ကေတကို နှိပ်ကာ အလွယ်တကူ ပြောဆိုဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

ဆက်ပြီးတော့ Google Assistant Interpreter shortcut ကို ဖုန်း စကရင်မှာပေါ်မှာ အလွယ်တကူ shortcut အနေနဲ့ထားသုံးလို့ရအောင်လုပ်ဖို့ ဖော်ပြပေးပါမယ်။ interpreter mode ကို shortcut အနေနဲ့ထားထားမယ်ဆိုရင် အလွယ်တကူ app ဖွင့်သုံးသလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး Google Assistant ကို ဖွင့်လိုက်ပါပြီးရင်တော့ interpreter mode ထပ်ဖွင့်ပါ။ ပြီးရင်တော့ ညာဘက်အပေါ်ထောင့်နားက icon လေးကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင် pop-up ဘောက်တစ်ခုပေါ်လာမှာဖြစ်ပြီး Add Automatically ဆိုတဲ့စာသားကို ရွေးပြီးနှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ဖုန်းရဲ့ စကရင်မှာ ခုလို Assistant ရဲ့ interpreter mode ကို တိုက်ရိုက်ဝင်နိုင်မယ့် shortcut icon ကို တွေ့ရမှာပဲဖြစ်ပါတယ်။

သင့်အနေနဲ့ တစ်ခုထက် ပိုတဲ့ ဘာသာစကားတိုင်းအတွက် ခုလို shortcut တစ်ခုဆီ ဖန်တီးထားနိုင်ပါတယ်။ ဥပမာ အင်္ဂလိပ်ဘာသာစကားအတွက်ဘာသာပြန်ဖို့ shortcut တစ်ခု၊ ဂျပန်အတွက်၊ ကိုရီးယား၊ ဂျာမနီစတဲ့ ဘာသာစကားတစ်ခုဆီအတွက် shortcut တစ်ခုဆီဖန်တီးထားနိုင်မှာဖြစ်ပါတယ်

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««