Android ဖုန်းတွေမှာ Notifications ကို Snooze ဘယ်လိုလုပ်မလဲ

Snooze လုပ်တယ်ဆိုတာကတော့ ခဏတာ ဖုန်းကနေ အသိပေးတဲ့ notification တွေကို မပေါ်အောင် လုပ်ထားတာမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ချက်ကို ခုနောက်ဆုံးထွက်ရှိထားတဲ့ Android ဖုန်းမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို မိမိအနေနဲ့ မိနစ် အပိုင်းအခြားနဲ့ ပိတ်ထားနိုင်မှာဖြစ်ပါတယ်။

ဖုန်းမှာ notification တွေကို snooze လုပ်ထားဖို့အတွက် အရင်ဆုံး ဖုန်းရဲ့ မြင်ကွင်းအပေါ် ထောင့်စွန်းကနေ အောက်ဘက်ကို ပွတ်ဆွဲလိုက်ပါ။ အဲလို ဆွဲလိုက်ရင်တော့ ဖုန်း notifications ဘောက်တစ်ခု ပေါ်လာမှာဖြစ်ပါတယ်။

မိမိအနေနဲ့ ဖုန်းမှာ noti ကို ခဏတာမတက်စေချင်တဲ့ တစ်နည်း snooze လုပ်ချင်တဲ့ တစ်ခုကို သေချာရှာပြီး ရွေးပါ။ ပြီးရင်တော့ အဲဒီ noti ကို မြင်ကွင်း ညာဘက်ကို ဖြည်းဖြည်းဖိဆွဲလိုက်ပါ။

အဲလိုဆွဲလိုက်ရင် noti စာသား ဘေးနားမှာ နာရီပုံ icon နဲ့ settings icon ပုံစံလေးပေါ်လာမှာဖြစ်ပါတယ်။ နာရီပုံလေးကို နှိပ်လိုက်ပါ။

နာရီပုံလေးကို နှိပ်လိုက်ရင်တော့ snooze လုပ်ထားနိုင်တဲ့ မိနစ်တွေပေါ်လာမှာဖြစ်ပါတယ်။ မိမိအနေနဲ့ snooze လုပ်ချင်တဲ့အချိန်ကို ရွေးပေးပါ။

ဒါဆိုရင်တော့ မိမိအနေနဲ့ noti တွေကို အချိန်ကန့်သတ်ချက်နဲ့ snooze လုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ပုံမှန် OS ကနေ သတ်မှတ်ထားတဲ့ snooze အချိန်အတိုင်းအတာကတော့ တစ်နာရီပါ မိမိအနေနဲ့ အချိန်အကန့်အသတ်ကို ၁၅ မိနစ်၊ မိနစ် ၃ဝ ဒါမှမဟုတ် ၂ နာရီ စိတ်ကြိုက်ရွေးချယ်ထားရှိနိုင်မှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း