Android ဖုန်းတွေနဲ့ ဓာတ်ပုံကို RAW Format နဲ့ရအောင်ဘယ်လိုရိုက်မလဲ

Android ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ပုံမှန် JPEG ဓာတ်ပုံ Format နဲ့ RAW Format ဆိုပြီးရိုက် ကူးကြတာရှိပါတယ်။ JPEG Format ကတော့ ပုံမှန်ဓာတ်ပုံ Format ဖြစ်ပြီး RAW ဆိုတာကတော့ အခြေခံအားဖြင့်ဆိုရင် ဓာတ်ပုံတွေကိုပြုပြင်တဲ့အချိန်မှာ အကောင်းဆုံး ပြုပြင်မှုတွေကို ပြုလုပ်နိုင်တဲ့ Format တစ်ခုလို့ ပြောလို့ ရပါတယ်။ JPEG နဲ့ RAW မှာ ကွာခြားချက် နောက်တစ်ချက် ရှိပါသေးတယ်။ ဒါကတော့ ဖိုင်အရွယ်အစားပါ။ RAW Format နဲ့ ဓာတ်ပုံဖိုင်တစ်ခုဟာ JPEG Format ဓာတ်ပုံဖိုင်တစ်ခုထက် ဖိုင်အရွယ်အစား ပိုပြီးကြီးမားပါတယ်။ ဒါကြောင့် RAW နဲ့ ရိုက်မယ်ဆိုရင်သိ ထားရမှာက မိမိရဲ့ဖုန်းထဲမှာ မှတ်ဉာဏ်ပမာဏ ဘယ်လောက်ထိ ရှိနေသေးတယ်ဆိုတဲ့အချက်ကိုဂရု စိုက်ရပါလိမ့်မယ်။

RAW စနစ်က Android ဖုန်းအချို့မှာ တစ်ပါတည်း ပါဝင်တယ်လို့ ဆိုပေမယ့် ဖုန်းတိုင်းမှာပါဝင်တဲ့ စနစ်တော့ မဟုတ်သေးပါဘူး။ အချို့ ဖုန်းတွေမှာ RAW စနစ်ကို On/ Off ဆိုပြီး Switch ခလုတ်တစ် ခုနဲ့ ပိတ်ဖွင့်လုပ်ပြီး အသုံးပြုနိုင်တာမျိုးရှိသလို အချို့ ဖုန်းတွေမှာတော့ RAW စနစ်ကို သုံးမယ်ဆိုရင် ကင်မရာ Mode မှာ Manual စနစ်ကိုပြောင်းလဲအသုံးပြုတဲ့အချိန်ကျမှအသုံးပြုနိုင်တာမျိုးတွေလည်းရှိ ပါတယ်။ RAW စနစ်ကိုထောက်ပံ့မပေးနိုင်တဲ့ ဖုန်းတွေအတွက်တော့ App တစ်ခုကို ထည့်သွင်းအသုံး ပြုရပါလိမ့်မယ်။ အသုံးပြုမယ့် App ကတော့ Proshot ဆိုတဲ့ App ပဲဖြစ်ပါတယ်။

ဒီ App ကိုတော့ Playstore ပေါ်မှာ အခမဲ့ မရနိုင်ပါဘူး။ Playstore ပေါ်မှာ ဝယ်ပြီးသုံးရမှာပါ။ အခမဲ့ယူချင်တယ်ဆိုရင်တော့ goo.gl/xtwdK2 ဆိုတဲ့လင့်ကနေ Download လုပ်ယူလို့ရပါတယ်။

App ကိုဖုန်းထဲထည့်ပြီးရင်တော့ App ကိုဖွင့်လိုက်ရင် ကင်မရာပွင့်လာပါလိမ့်မယ်။ ကင်မရာစနစ်ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေအများကြီး ပါဝင်ပါတယ်။ ဓာတ်ပုံရဲ့ အချိုးအစားနဲ့ အလင်းအမှောင်တွေ ကိုချိန်ညှိနိုင်တဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။ RAW Format ကိုအသုံးပြုဖို့အ တွက် အပေါ်ထိပ်နားက Settings သင်္ကေတကိုနှိပ်လိုက်ပါ။

Settings ထဲမှာ Grid, Level နဲ့ RAW, JPEG, တွေကို အသုံးပြုနိုင်တဲ့ နေရာရှိပါတယ်။ RAW နဲ့ JPEG နှစ်ခုစလုံးကို လည်းတစ်ပြိုင်တည်း အသုံးပြုနိုင်ပါတယ်။

-ကိုသက်