
Android ကိုပူးတွဲဖန်တီးတဲ့ အန်ဒီရူဘင်က Essential ရဲ့မျိုးဆက်သစ် စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။
New UI for radically different formfactor pic.twitter.com/Es8hFrTuxx
— Andy Rubin (@Arubin) October 8, 2019
Essential ဖုန်းသစ်တွေက ရှည်မျောမျော ပုံစံဖြစ်ပြီး အနံလည်းကျဉ်းပါတယ်။ Android အခြေခံ UI အသစ်ကို အသုံးပြုထားဖွယ်ရှိပါတယ်။ အန်ဒီရူဘင်ကတော့ software နဲ့ပတ်သက်ပြီး မထုတ်ပြန်ခဲ့ပါဘူး။
…still dialing in the colors pic.twitter.com/4gEpFU7mpZ
— Andy Rubin (@Arubin) October 8, 2019
ပုံထဲမှာဖော်ပြထားတဲ့ map app က Google Maps နဲ့မတူဘဲ ကတ်တွေကို scroll လုပ်ရတဲ့ interface ကို အခြေခံထားပါတယ်။
GEM Colorshift material pic.twitter.com/QJStoiDleH
— Andy Rubin (@Arubin) October 8, 2019
မျိုးဆက်သစ် Essential ဖုန်းသစ်မှာပါဝင်တဲ့ ကျောဘက်ကင်မရာက ကြီးမားပြီး sensor တစ်ခုပဲ ပါဝင်လာပါတယ်။ ကင်မရာအောက်ဘက်မှာ fingerprint sensor ထည့်သွင်းထားပါတယ်။ ဖုန်း display အတွင်းမှာလည်း selfie ကင်မရာကို ထည့်သွင်းထားပါတယ်။ Essential ဖုန်းသစ်နဲ့ပတ်သက်တဲ့ အချက်အလက် အသေးစိတ်ကို မကြာခင်မှာ ထုတ်ဖော်မိတ်ဆက်ဖွယ်ရှိပါတယ်။
စိုးထက်
Ref: GSMArena