Android ပေါ်က အကောင်းဆုံး လိုဂို app များ

ခင်ဗျားအနေနဲ့ လုပ်ငန်းလုပ်တော့မယ်ဆိုရင် လိုဂိုတစ်ခု လိုလာပါတယ်။ ဒါမှမဟုတ်လည်း YouTube ဒါမှမဟုတ် Twitch channel အတွက် လိုဂိုတစ်ခု လိုလာနိုင်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လိုဂိုက သင့်လုပ်ငန်း ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေးကို ကိုယ်စားပြုနေပါတယ်။ Android ပေါ်မှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ လိုဂိုကို ဖန်တီးနိုင်တဲ့ app တွေရှိနေပါပြီ။ အဲဒီ app တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Adobe app များ
ဈေးနှုန်း- အခမဲ့/ တစ်လ ၅၂.၉၉ ဒေါ်လာ ကျသင့်

Adobe မှာ စွမ်းဆောင်ရည်မြင့် creator tool တချို့ရှိပါတယ်။ မိုဘိုင်းမှာအသုံးပြုလို့ရပါတယ်။ Adobe IIIustrator, Adobe Captur, Adobe Comp တို့ကို သုံးနိုင်ပါတယ်။ ILlustrator မိုဘိုင်းဗားရှင်းကတော့ desktop နဲ့စာရင် စွမ်းဆောင်ရည် အသင့်အတင့်ပဲရှိပါတယ်။ Artwork ကိုဖန်တီးပြီး လိုဂိုတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ Capture ကတော့ အရာဝတ္ထုတွေရဲ့ ပုံကို vector graphic အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ App တွေကို အခမဲ့သုံးနိုင်ပေမယ့် အရာအားလုံးသုံးဖို့ Creative Cloud လစဉ်ကြေးသွင်းဖို့ လိုပါတယ်။

Canva
ဈေးနှုန်း- အခမဲ့/ တစ်လ ၁၂.၉၅ ဒေါ်လာ/ တစ်နှစ် ၁၁၉.၄၉ ဒေါ်လာ

 

Canva မှာ အထွေထွေ graphic ဒီဇိုင်းနဲ့ တချို့ကဏ္ဍတွေမှာပဲ အသုံးပြုနိုင်မယ့် feature တွေပါဝင်လာတယ်။ သုံးစွဲသူက စာသား၊ ဓာတ်ပုံနဲ့အခြားအရာတွေ ထည့်သွင်းနိုင်တယ်။ Font ၅၀၀ ကျော် အသုံးပြုနိုင်ပါတယ်။

Dotpict
ဈေးနှုန်း- အခမဲ့/ဒေါ်လာ ၆.၄၉

Dotpict ဟာ pixel ရေးသူတွေအတွက် ပုံဆွဲနိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။ သုံးစွဲသူကတွေက ကိုယ်ပိုင် pixel လက်ရာကို ဖန်တီးလို့ရပါတယ်။

Font Rush
ဈေးနှုန်း- အခမဲ့/၃.၉၉ ဒေါ်လာ

Font Rush နဲ့ လိုဂိုကောင်းတွေ ရေးဆွဲနိုင်ပါတယ်။ ဓာတ်ပုံတွေအတွက် နောက်ခံပုံအပြင် font ၂၀၀ ကျော် ပါဝင်လာပါတယ်။

Ibis Paint X
ဈေးနှုန်း- အခမဲ့/ ၇.၉၉ ဒေါ်လာအထိ ရှိ

 

Ibis Paint X မှာ လိုဂိုဒီဇိုင်နာတွေအတွက် အသုံးလိုတဲ့ feature တွေများစွာ ပါဝင်လာပါတယ်။ Ibis Paint X မှာ material မျိုးစုံ၂,၅၀၀ အထိပါဝင်ပြီး font အခု ၆၀၀ နဲ့ brush ၃၃၅ ခုအပြင် filter ၆၄ ခုတို့ပါဝင်လာပါတယ်။

Iris Logo Maker
ဈေးနှုန်း- အခမဲ့/ တစ်လ ၄.၉၉ ဒေါ်လာ/တစ်နှစ် ၁၄.၉၉ ဒေါ်လာ/ တစ်သက်တာသုံး ၁၉.၉၉ ဒေါ်လာ

Iris Studios ဟာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ logo generator ဖြစ်ပါတယ်။ လိုဂိုတွေ ထုတ်ပေးနိုင်ဖို့ ပုံသဏ္ဍာန်၊ အရောင်၊ နောက်ခံ၊ အထည်သား၊ စတစ်ကာနဲ့ အခြားပုံရိပ်ပိုင်းဆိုင်ရာတွေ ပါဝင်လာပါတယ်။

Logo Maker by Shopify
ဈေးနှုန်း- အခမဲ့

Logo Maker by Shopify ကရိုးရှင်းပြီး အခမဲ့ အသုံးပြုနိုင်တဲ့ လိုဂိုဖန်တီးရေး app ဖြစ်ပါတယ်။ သုံးစွဲသူက ပုံစံ၊ အရောင်နဲ့ icon တွေထည့်သွင်းနိုင်သလို စာသားလည်း ထည့်နိုင်ပါတယ်။

Logo Maker Plus
ဈေးနှုန်း- အခမဲ့/ ဒေါ်လာ ၂.၉၉ ကနေ ၄.၉၉ ဒေါ်လာ/ တစ်လ ဒေါ်လာ ၄.၉၉ ရှိ

Logo Maker Plus ဟာ နာမည်ကျော် လိုဂိုဖန်တီးတဲ့ app တွေထဲက တစ်ခုဖြစ်ပါတယ်။ App မှာ in-app purchase တွေပါဝင်ပြီး ကြော်ငြာမပါဘဲ ပုံရိပ် ၇၀၀ ကျော် ထပ်ယူမယ်ဆိုရင် ၃.၉၉ ဒေါ်လာ ကျသင့်ပါမယ်။ ကြော်ငြာမပါဘဲ ပုံရိပ် ၁,၀၀၀ ကျော်သုံးမယ်ဆိုရင် ၄.၉၉ ဒေါ်လာ ကျသင့်ပါမယ်။

Palette
ဈေးနှုန်း- အခမဲ့/ ဒေါ်လာ ၀.၉၉

Palette ဟာ စိတ်ဝင်စားစရာ ဒီဇိုင်း app ဖြစ်ပါတယ်။ လိုဂို ဒါမှမဟုတ် စိတ်လှုပ်ရှားဖွယ်တွေ မလုပ်နိုင်ပေမယ့် အရောင်တွေ ရှာဖွေပေးနိုင်ပါတယ်။ ဓာတ်ပုံရိုက်ကူးပြီး အရောင်တွေအားလုံးကို app က hex code နဲ့ ပြောပြပေးကာ အခြား app တွေမှာ ပြန်လည် အသုံးချနိုင်ပါတယ်။

Z Mobile Logo Maker
ဈေးနှုန်း- အခမဲ့/ တစ်လ ၄.၉၉ ဒေါ်လာ/ တစ်နှစ် ၁၄.၉၉ ဒေါ်လာ

Z Mobile ရဲ့ Logo Maker က လိုဂိုတွေကို ရိုးရိုးရှင်းရှင်းနဲ့ အမြန်ဆုံး ဖန်တီးနိုင်ပါတယ်။ နောက်ခံပုံရိပ် ၁၀၀ ကျော်ပါဝင်ပြီး 3D rotation, texture နဲ့ overlay တွေအပြင် filter တွေနဲ့ font ၁၀၀ ကျော် ပါဝင်လာပါတယ်။

စိုးထက်
Ref: AndroidAuthority