Android ထုတ်ကုန်တွေအတွက် Xbox remote play ကိုဖြန့်ချိ

Microsoft ဟာ Android Xbox app အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒီ app ကို Xbox One (Series X/S) ပိုင်ဆိုင်သူတွေက ဖုန်း ဒါမှမဟုတ် tablet နဲ့ဂိမ်းစက်က ဂိမ်းတွေကို ကစားနိုင်ပါတယ်။

xCloud မတူတာက ဂိမ်းစက်ပေါ်မှာ download လုပ်ထားတဲ့ ဂိမ်းတွေကို ကစားနိုင်တာ ဖြစ်ပါတယ်။ သုံးစွဲသူက Xbox Game Pass မလိုဘဲ အခမဲ့ ကစားနိုင်ပါတယ်။ Sony ကလည်း PS3 နဲ့ PS4 အတွက် အလားတူပုံစံမျိုး Remote Play app ကိုထုတ်လုပ်ထားပါတယ်။

Xbox app ဟာ Xbox One နဲ့ Xbox Series X/S dashboard ပေါ်က UI နဲ့ဆင်ပါတယ်။ Xbox ကြိုးမဲ့ခလုတ်က share ခလုတ်နဲ့လည်း အသုံးပြုနိုင်အောင် update လုပ်ထားပါတယ်။Xbox Series X ဒါမှမဟုတ် Seires S ဂိမ်းစက် ထွက်လာတဲ့အခါ အလွယ်တကူ setup လုပ်ပြီး အသုံးပြုနိုင်ပါမယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««