Androi‌d အတွက် ထိပ်တန်း စာရေးသားခြင်း app (၅) မျိုး

ဖုန်းအသုံးပြုပြီး စာရေးသားတဲ့အခါမျိုးမှာ ကွန်ပျူတာဆော့ဖ်ဝဲတွေလိုမျိုး စာရေးသားဖို့အတွက် လုပ်ငန်းစဉ်ဆိုင်ရာ လုပ်ဆောင်ချက်တွေ များစွာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ အဲလိုမျိုး စုံလင်များပြားတဲ့ လုပ်ဆောင်ချက်တွေက ဖုန်းနဲ့ အသုံးပြုရတဲ့အခါမျိုးမှ အာရုံလွဲမှားမှုတွေ ကြုံတွေ့ရနိုင်တာကြောင့်ပါ။ Android ဖုန်းတွေအတွက် စာရေးသားခြင်း app တွေမှာတော့ ရှင်းလင်းတဲ့ interface နဲ့ စမတ်ဖုန်းနဲ့အသုံးပြုရတာ လွယ်ကူစေဖို့အပြင် စာရေးသားဖို့အတွက် ကောင်းမွန်အောင် ဒီဇိုင်းလုပ်ထားတာများပါတယ်။ ဖုန်းနဲ့စာရေးသားချင်သူတွေ အတွက် App တွေ များစွာရှိတဲ့ထဲကမှ ထိပ်တန်း App (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Inkredible App

ဒီ App က မြင်ကွင်းကျယ်ကျယ် Android ထုတ်ကုန်ကို အသုံးပြုသူတွေအတွက် ရည်ရွယ်ဖန်တီးထားတာလို့ ဆိုနိုင်ပါတယ်။ စာကို ရိုက်ပြီး ရေးသားတာထက် ပိုတဲ့ လက်နဲ့ကိုယ်တိုင်ရေးသားနိုင်အောင် ဒီ App က လုပ်ဆောင်ပေးနိုင်ပါတယ်။ သင့်ရဲ့ Android ထုတ်ကုန်က Stylus ဒါမှမဟုတ် Pen ဘောလ်ပင်စနစ် ထောက်ပံ့ပါဝင်ရင်တော့ စာရွက်ပေါ်မှာ ရေးသားသလို အသုံးပြုနိုင်မှာဖြစ်ပြီး စာရွက်ပုံစံ အမျိုးမျိုးကိုလည်း ပြောင်းလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက Palm Rejection ဆိုတဲ့စနစ် ထောက်ပံ့ပါဝင်တာပါ။ ဒီစနစ်က App မှာ သင့်လက်ဖဝါးကို မှတ်သားထားခိုင်းပြီး သင့်လက်ဖဝါး မဟုတ်ဘဲ အခြားတစ်‌ယောက် ရေးခြစ်တာမျိုး စာရေးသားတာမျိုးကို App ကနေ မှတ်သားမှာ မဟုတ်ပါဘူး။

(၂) ColorNote Notepad Notes

နည်းပညာပိုင်းအရ စာရေးသားခြင်း လုပ်ငန်းစဉ်အတွက် လုပ်ဆောင်ချက်ပိုင်း မပြည့်စုံတာက သင့်အတွက် အနှောင့်အယှက် ဖြစ်တယ်ဆိုရင်တော့ ဒီ App က သင်နဲ့သဟဇာတဖြစ်နိုင်ပါတယ်။ ဒီ App က နေ့စဉ်လုပ်ငန်းစဉ်မှာ မှတ်သားလေ့ရှိကြတဲ့ အရေးပေါ် မှတ်စုတိုရေးသားမှုအပေါ် အခြေခံဖန်တီးထားတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဖုန်းမှာ အချိန်တိုအတွင်း မှတ်စုရေးသားဖို့အတွက် အသုံးပြုနိုင်တဲ့အပြင် မှတ်စုတိုင်းရဲ့ နောက်ခံအရောင်၊ စာလုံးဖောင့် စတာတွေကို ပြောင်းလဲထားနိုင်ပြီး သင့်အတွက် အသိပေးချက်တွေအဖြစ် ပြောင်းလဲထားနိုင်မှာဖြစ်ပါတယ်။ ရေးသားထားတဲ့ မှတ်စုတစ်ခုစီကို ဖုန်းရဲ့ Homescreen အဓိက စာမျက်နှာမှာ ဝစ်ဂျက်တစ်ခုအနေနဲ့လည်း ထားရှိနိုင်ပါတယ်။ ဒီ App မှာ သင့်အနေနဲ့ ရေးသားထားတဲ့ မှတ်စုတွေကိုလည်း scribblings ကတစ်ဆင့် အလွယ်တကူ ပြန်လည်ရှာနိုင်တဲ့ ရှာဖွေရေးလုပ်ဆောင်ချက်လည်း ထောက်ပံ့ပါဝင်ပါသေးတယ်။

(၃) Microsoft Word

ကွန်ပျူတာသုံး Microsoft Office ရဲ့ ဆော့ဖ်ဝဲတွေက အသေးစိတ်ကျတဲ့ စာရွက်စာတမ်းဆိုင်ရာတွေကို ဖန်တီးနိုင်ပြီး လုပ်ငန်းစဉ်က အနည်းငယ် ရှုပ်ထွေးပါတယ်။ ဒီ App ကိုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီဇိုင်းကို ပြန်လည်ပြင်ဆင်ထားတာဖြစ်လို့ စာရေးသားတဲ့အခါမှာ တိကျတဲ့စကားလုံး၊ စကားစုတွေရှာဖွေကာ ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီ App က Cloud-based အနေနဲ့ စာရွက်စာတမ်းတွေကို WordPress အသုံးပြုပြီး အချိန်နဲ့တစ်ပြေးညီ သင်ရောက်ရှိတဲ့ နေရာကနေ လုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။

(၄) iA Writer: The Markdown Writing

iA Writer က iOS ထုတ်ကုန်တွေအတွက် ဦးစွာဖန်တီးခဲ့တာဖြစ်ပြီး အချိန်ကြာမြင့်စွာ သုံးစွဲသူတွေအကြိုက်ဖြစ်တဲ့ App လည်းဖြစ်ပါတယ်။ နောက်ပိုင်း Android OS အတွက် မိတ်ဆက်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်ရဲ့ Android သုံးစွဲအကြိုက် App ဖြစ်ခဲ့ပါတယ်။ စာရေးသားခြင်းလုပ်ငန်းစဉ်နဲ့ ဆိုင်တဲ့ အင်္ဂါရပ်များစွာပါဝင်ပြီး သင့်အနေနဲ့ စာမျက်နှာပြည့်အနေနဲ့ အသုံးပြုတာ၊ ရေးသားဖန်တီးထားတာတွေကို Preview mode အသုံးပြုကာ ကြည့်ရှုနိုင်မှာဖြစ်သလို Google Drive နဲ့ dropbox က ရေးထားပြီးတဲ့စာတွေကို app ကနေ အလွယ်တကူ ရယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် App မှာ ရေးသားထားတဲ့ စာတွေကိုလည်း HTML, PDF နဲ့ MS Word ဖိုင်အမျိုးအစား အနေနဲ့ သိမ်းဆည်းနိုင်မှာဖြစ်ပြီး အခြား app တွေထက် သာလွန်တဲ့ အချက်တစ်ခုက medium.com လိုမျိုး စာရေးခြင်းဆိုင်ရာ ပလက်ဖောင်းကနေ တိုက်ရိုက် ထုတ်ဝေနိုင်တာဖြစ်ပါတယ်။

(၅) Monospace Writer

Monospace Writer app က စာရေးသားတဲ့အခါမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်နိုင်အောင် ဖန်တီးထားတဲ့ minimalist app တစ်ခုဖြစ်ပါတယ်။ ဒီ app က iA Writer လိုမျိုး လုပ်ဆောင်ချက်တွေ မပါဝင်ပေမယ့် အသုံးပြုရတာ ရှင်းလင်းအောင် ဒီဇိုင်းဆွဲ ဖန်တီးထားတာဖြစ်ပြီး သင့်အနေနဲ့ စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ စာတွေရေးသားနိုင်မှာဖြစ်ပါတယ်။ ဒီ app နဲ့ ဘယ်လိုမျိုး လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်တယ် ဆိုတဲ့ သင်ခန်းစာတွေထောက်ပံ့ပါဝင်ပြီး စာရေးခြင်းအတွက် ပုံစံချ အခြေခံရွေးချယ်စရာဖြစ်တဲ့ စာလုံးစောင်းတာ၊ စာလုံးကို Bold လုပ်မှတ်သားတာ၊ အဖွင့်အပိတ်ရေးသားတာမျိုးနဲ့ ဆက်စပ်ဆောင်းပါးတွေကို hashtags (#) သုံး စုစည်းထားတာတွေ လုပ်ဆောင်နိုင်မှာပါ။ Monospace app ရဲ့ Pro version ကို Dropbox နဲ့ Google Drive နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

သင့်အနေနဲ့ ဒီ App တွေထဲက ဘယ် App ကို အသုံးပြုပြု Android ဖုန်းနဲ့ ပျော်စရာကောင်းတဲ့ ရေးသားမှု အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««