Ananda 4G အင္တာနက္လိုင္း ေမ ၂၅ ရက္ မိတ္ဆက္မည္

[ Zawgyi ]

Anada 4G အင္တာနက္လိုင္းကို ေမ ၂၅ ရက္မွာ မိတ္ဆက္မယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးၿမိဳ႕နယ္ေတြမွာ စတင္ေရာင္းခ်မွာျဖစ္ေၾကာင္း၊ စတင္မိတ္ဆက္မယ့္ ေမ ၂၅ ရက္ေန႔မွာ ေစ်းႏႈန္း၊ ထုတ္ကုန္နဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ေၾကညာမွာျဖစ္ေၾကာင္း သိရပါတယ္။ 4G+ ကြန္ရက္အျဖစ္ ေၾကညာထားတာျဖစ္ၿပီး အဲဒီ ဝန္ေဆာင္မႈနဲ႔ ပတ္သက္တဲ့ အထူးအခြင့္အေရးေတြကို ရရွိႏိုင္ဖို႔ ဒီေနရာမွာ ကိုယ္ေရးအခ်က္အလက္ေတြ ျဖည့္သြင္းဖို႔ေျပာ ၾကားထားတာေတြ႔ရပါတယ္။

အမည္၊ မိုဘိုင္းဖုန္းနံပါတ္၊ အီးေမးလ္စတဲ့အခ်က္အလက္ေတြကို ျဖည့္စြက္ၿပီး ႀကိဳတင္ စာရင္းသြင္းႏိုင္တယ္လို႔ ဆိုပါတယ္။ Amara Communication ရဲ႕ထုတ္ကုန္တစ္ခုျဖစ္တဲ့ Anada အေနနဲ႔ 2600 MHz လိႈင္းႏႈန္းစဥ္ေလလံေအာင္ျမင္ထားၿပီး ျမန္မာႏိုင္ငံ တစ္ဝန္းမွာ ခြင့္ျပဳခ်က္ရရွိထားတဲ့ သတ္မွတ္ေနရာေတြမွာ ဝန္ေဆာင္မႈေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

===============

[ Unicode ]

Ananda 4G အင်တာနက်လိုင်း မေ ၂၅ ရက် မိတ်ဆက်မည်

===============

Anada 4G အင်တာနက်လိုင်းကို မေ ၂၅ ရက်မှာ မိတ်ဆက်မယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမြို့နယ်တွေမှာ စတင်ရောင်းချမှာဖြစ်ကြောင်း၊ စတင်မိတ်ဆက်မယ့် မေ ၂၅ ရက်နေ့မှာ စျေးနှုန်း၊ ထုတ်ကုန်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ကြေညာမှာဖြစ်ကြောင်း သိရပါတယ်။ 4G+ ကွန်ရက်အဖြစ် ကြေညာထားတာဖြစ်ပြီး အဲဒီ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ အထူးအခွင့်အရေးတွေကို ရရှိနိုင်ဖို့ ဒီနေရာမှာ ကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်းဖို့ပြော ကြားထားတာတွေ့ရပါတယ်။

အမည်၊ မိုဘိုင်းဖုန်းနံပါတ်၊ အီးမေးလ်စတဲ့အချက်အလက်တွေကို ဖြည့်စွက်ပြီး ကြိုတင် စာရင်းသွင်းနိုင်တယ်လို့ ဆိုပါတယ်။ Amara Communication ရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ Anada အနေနဲ့ 2600 MHz လှိုင်းနှုန်းစဉ်လေလံအောင်မြင်ထားပြီး မြန်မာနိုင်ငံ တစ်ဝန်းမှာ ခွင့်ပြုချက်ရရှိထားတဲ့ သတ်မှတ်နေရာတွေမှာ ဝန်ဆောင်မှုပေးမှာဖြစ်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း