Ananda ၏ unlimited အင္တာနက္ အသံုးျပဳႏိုင္မည့္ရက္တိုးျမႇင့္

[ Zawgyi ]

Ananda ရဲ႕ အကန္႔အသတ္မရွိ အင္တာနက္အသံုးျပဳႏိုင္မယ့္ ရက္ ၃၀ စာ Plan ကို၀ယ္ ထားသူေတြအတြက္ ရက္တိုးျမႇင့္လိုက္တယ္လို႔ သိရပါတယ္။

အပိုေဆာင္း ၇ ရက္ထပ္မံအသံုးျပဳႏိုင္မွာျဖစ္ေၾကာင္း၊ လက္ရွိအသုံးျပဳေနတဲ့ Plan သက္တမ္းမကုန္ဆံုးမီ ဒါမွမဟုတ္ ကုန္ဆံုးတဲ့အခ်ိန္မွာ Unlimited30 Plan ကိုဝယ္ယူရင္ ထပ္ေဆာင္း ၇ ရက္ရရွိမွာျဖစ္ေၾကာင္း annada ကသတင္းထုတ္ျပန္ပါတယ္။

အဲဒီအစီအ စဥ္ကို ဇူလိုင္ ၂၅ ရက္အထိ myananda app မွာေငြျဖည့္သြင္းၿပီး ရယူခံစားႏိုင္မယ္လို႔ ဆို ပါတယ္။ အကန္႔အသတ္မရွိ အင္တာနက္ အသံုးျပဳႏိုင္မယ့္ ananda 4G+ ဝန္ေဆာင္မႈ ေမ ၂၅ ရက္က ရန္ကုန္မွာ စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ၃၅၀၀၀ က်ပ္နဲ႔ miFi စက္တစ္ခု၊ ဆင္းမ္ကတ္တစ္ ကတ္ရရွိမွာျဖစ္ၿပီး အဲဒါနဲ႔အင္တာနက္ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ တစ္လအကန္႔ အသတ္မရွိ အသံုးျပဳႏိုင္မွာျဖစ္ၿပီး အဲဒီ Plan ကုန္သြားရင္ ကုန္စိတ္တိုင္းက်သံုးစြဲလိုတဲ့ ေဒတာပမာဏနဲ႔ ကိုက္ညီတဲ့ add on plans ေတြကို ဝယ္ယူႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

4G+ router နဲ႔လည္း အကန္႔အသတ္မရွိေဒတာ အသံုးျပဳႏိုင္ၿပီး အဲဒီ router ကို ေနအိမ္၊ ရံုးခန္းေတြမွာ တပ္ဆင္မွ်ေဝသံုးစြဲႏိုင္တယ္လို႔ သိရပါတယ္။ WiFi ခ်ိတ္ဆက္ႏိုင္တဲ့ ပစၥည္းအလံုး ၃၀ အထိ ခ်ိတ္ဆက္ႏိုင္မွာျဖစ္ေၾကာင္း၊ router ဝယ္ယူရင္ ၆၅၀၀၀ က်ပ္ျဖစ္ၿပီး ရက္ေပါင္း ၆၀ ေဒတာအကန္႔အသတ္မရွိ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

-ထြန္းထြန္း

[ Unicode ]

Ananda ရဲ့ အကန့်အသတ်မရှိ အင်တာနက်အသုံးပြုနိုင်မယ့် ရက် ၃၀ စာ Plan ကိုဝယ် ထားသူတွေအတွက် ရက်တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

အပိုဆောင်း ရ ရက်ထပ်မံအသုံးပြုနိုင်မှာဖြစ်ကြောင်း၊ လက်ရှိအသုံးပြုနေတဲ့ Plan သက်တမ်းမကုန်ဆုံးမီ ဒါမှမဟုတ် ကုန်ဆုံးတဲ့အချိန်မှာ Unlimited30 Plan ကိုဝယ်ယူရင် ထပ်ဆောင်း ရ ရက်ရရှိမှာဖြစ်ကြောင်း annada ကသတင်းထုတ်ပြန်ပါတယ်။

အဲဒီအစီအ စဉ်ကို ဇူလိုင် ၂၅ ရက်အထိ myananda app မှာငွေဖြည့်သွင်းပြီး ရယူခံစားနိုင်မယ်လို့ ဆို ပါတယ်။ အကန့်အသတ်မရှိ အင်တာနက် အသုံးပြုနိုင်မယ့် ananda 4G+ ဝန်ဆောင်မှု မေ ၂၅ ရက်က ရန်ကုန်မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၃၅၀၀၀ ကျပ်နဲ့ miFi စက်တစ်ခု၊ ဆင်းမ်ကတ်တစ် ကတ်ရရှိမှာဖြစ်ပြီး အဲဒါနဲ့အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တစ်လအကန့် အသတ်မရှိ အသုံးပြုနိုင်မှာဖြစ်ပြီး အဲဒီ Plan ကုန်သွားရင် ကုန်စိတ်တိုင်းကျသုံးစွဲလိုတဲ့ ဒေတာပမာဏနဲ့ ကိုက်ညီတဲ့ add on plans တွေကို ဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

4G+ router နဲ့လည်း အကန့်အသတ်မရှိဒေတာ အသုံးပြုနိုင်ပြီး အဲဒီ router ကို နေအိမ်၊ ရုံးခန်းတွေမှာ တပ်ဆင်မျှဝေသုံးစွဲနိုင်တယ်လို့ သိရပါတယ်။ WiFi ချိတ်ဆက်နိုင်တဲ့ ပစ္စည်းအလုံး ၃၀ အထိ ချိတ်ဆက်နိုင်မှာဖြစ်ကြောင်း၊ router ဝယ်ယူရင် ၆၅၀၀၀ ကျပ်ဖြစ်ပြီး ရက်ပေါင်း ၆၀ ဒေတာအကန့်အသတ်မရှိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-ထွန်းထွန်း