ananda ၏ ဝန္ေဆာင္မႈ ျပည္နယ္၊ တိုင္း ရွစ္ေနရာသို႔ ထပ္မံျဖန္႔က်က္မည္

[ Zawgyi ]

ရန္ကုန္မွာ စတင္ခဲ့တဲ့ ananda 4G+ ဝန္ေဆာင္မႈကို အျခား ျပည္နယ္နဲ႔တုိင္းေဒသႀကီး ရွစ္ေနရာမွာ ျဖန္႔က်က္သြားမယ္လို႔ သိရပါတယ္။

ရန္ကုန္ၿပီးတဲ့ေနာက္ ဒုတိယအဆင့္အေနနဲ႔ မႏၱေလးမွာ ဆက္လက္ဝန္ေဆာင္မႈေပးမွာျဖစ္ ေၾကာင္း၊ အဲဒီေနာက္ ဧရာဝတီ၊ ရခိုင္၊ စစ္ကိုင္း၊ ခ်င္း၊ ရွမ္း၊ ကခ်င္နဲ႔ ကယားေဒသေတြမွာပါ ဝန္ေဆာင္မႈျဖန္႔က်က္မွာျဖစ္ေၾကာင္း သိရပါတယ္။ 2600 Mhz လိႈင္းႏႈန္းစဥ္ ဝန္ေဆာင္မႈ အသံုးျပဳေနတာ ျဖစ္ပါတယ္။ ရန္ကုန္မွာ ၿမိဳ႕နယ္ ၂၅ ခု၊ ကိုယ္စားလွယ္ေပါင္း ၃၅၀၀ နဲ႔ စတင္ဝန္ေဆာင္မႈေပးမွာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ ေနရာအႏွံ႔မွာရွိတဲ့ ကိုယ္စားလွယ္ဆိုင္ေတြမွာ စတင္ဝယ္ယူရရွိႏိုင္ၿပီ ျဖစ္ပါတယ္။ လက္ရွိ ရန္ကုန္မွာ Site ေပါင္း ၅၀၀ ရွိၿပီးျဖစ္ပါတယ္။

ဒုတိယအဆင့္အေနနဲ႔ ေဆာင္ရြက္မယ့္ မႏၲေလးမွာ ၁၀၀ ရွိၿပီးျဖစ္ေၾကာင္း Site တစ္ခုခ်င္းစီဟာ ဖိုက္ဘာကီလိုမီတာ ၁၂၀၀ ရွိေၾကာင္း သိရပါတယ္။ အကန္႔အသတ္မရွိ အင္တာနက္ အသံုးျပဳႏိုင္မည့္ ananda 4G+ ဝန္ေဆာင္မႈ ေမ ၂၅ ရက္က ရန္ကုန္မွာ စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ၃၅၀၀၀ က်ပ္နဲ႔ miFi စက္တစ္ခု၊ ဆင္းမ္ကတ္တစ္ ကတ္ရရွိမွာျဖစ္ၿပီး အဲဒါနဲ႔အင္တာနက္ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ တစ္လအကန္႔ အသတ္မရွိ အသံုးျပဳႏိုင္မွာျဖစ္ၿပီး အဲဒီ Plan ကုန္သြားရင္ ကုန္စိတ္တိုင္းက်သံုးစြဲလိုတဲ့ ေဒတာပမာဏနဲ႔ ကိုက္ညီတဲ့ add on plans ေတြကိုဝယ္ယူႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

4G+ router နဲ႔လည္း အကန္႔အသတ္မရွိေဒတာ အသံုးျပဳႏိုင္ၿပီး အဲဒီ router ကို ေနအိမ္၊ ရံုးခန္းေတြမွာ တပ္ဆင္မွ်ေဝသံုးစြဲႏိုင္တယ္လို႔ သိရပါတယ္။ WiFi ခ်ိတ္ဆက္ႏိုင္တဲ့ ပစၥည္းအလံုး ၃၀ အထိ ခ်ိတ္ဆက္ႏိုင္မွာျဖစ္ေၾကာင္း၊ router ဝယ္ယူရင္ ၆၅၀၀၀ က်ပ္ျဖစ္ၿပီး ရက္ေပါင္း ၆၀ ေဒတာအကန္႔အသတ္မရွိ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

-ထြန္းထြန္း

============

[ Unicode ]

ananda ၏ ဝန်ဆောင်မှု ပြည်နယ်၊ တိုင်း ရှစ်နေရာသို့ ထပ်မံဖြန့်ကျက်မည်

============

ရန်ကုန်မှာ စတင်ခဲ့တဲ့ ananda 4G+ ဝန်ဆောင်မှုကို အခြား ပြည်နယ်နဲ့တိုင်းဒေသကြီး ရှစ်နေရာမှာ ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်ပြီးတဲ့နောက် ဒုတိယအဆင့်အနေနဲ့ မန္တလေးမှာ ဆက်လက်ဝန်ဆောင်မှုပေးမှာဖြစ် ကြောင်း၊ အဲဒီနောက် ဧရာဝတီ၊ ရခိုင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်နဲ့ ကယားဒေသတွေမှာပါ ဝန်ဆောင်မှုဖြန့်ကျက်မှာဖြစ်ကြောင်း သိရပါတယ်။ 2600 Mhz လှိုင်းနှုန်းစဉ် ဝန်ဆောင်မှု အသုံးပြုနေတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ မြို့နယ် ၂၅ ခု၊ ကိုယ်စားလှယ်ပေါင်း ၃၅၀၀ နဲ့ စတင်ဝန်ဆောင်မှုပေးမှာဖြစ်ပြီး ရန်ကုန်မြို့ နေရာအနှံ့မှာရှိတဲ့ ကိုယ်စားလှယ်ဆိုင်တွေမှာ စတင်ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ Site ပေါင်း ၅၀၀ ရှိပြီးဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ ဆောင်ရွက်မယ့် မန္တလေးမှာ ၁၀၀ ရှိပြီးဖြစ်ကြောင်း Site တစ်ခုချင်းစီဟာ ဖိုက်ဘာကီလိုမီတာ ၁၂၀၀ ရှိကြောင်း သိရပါတယ်။ အကန့်အသတ်မရှိ အင်တာနက် အသုံးပြုနိုင်မည့် ananda 4G+ ဝန်ဆောင်မှု မေ ၂၅ ရက်က ရန်ကုန်မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၃၅၀၀၀ ကျပ်နဲ့ miFi စက်တစ်ခု၊ ဆင်းမ်ကတ်တစ် ကတ်ရရှိမှာဖြစ်ပြီး အဲဒါနဲ့အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တစ်လအကန့် အသတ်မရှိ အသုံးပြုနိုင်မှာဖြစ်ပြီး အဲဒီ Plan ကုန်သွားရင် ကုန်စိတ်တိုင်းကျသုံးစွဲလိုတဲ့ ဒေတာပမာဏနဲ့ ကိုက်ညီတဲ့ add on plans တွေကိုဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

4G+ router နဲ့လည်း အကန့်အသတ်မရှိဒေတာ အသုံးပြုနိုင်ပြီး အဲဒီ router ကို နေအိမ်၊ ရုံးခန်းတွေမှာ တပ်ဆင်မျှဝေသုံးစွဲနိုင်တယ်လို့ သိရပါတယ်။ WiFi ချိတ်ဆက်နိုင်တဲ့ ပစ္စည်းအလုံး ၃၀ အထိ ချိတ်ဆက်နိုင်မှာဖြစ်ကြောင်း၊ router ဝယ်ယူရင် ၆၅၀၀၀ ကျပ်ဖြစ်ပြီး ရက်ပေါင်း ၆၀ ဒေတာအကန့်အသတ်မရှိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-ထွန်းထွန်း