Among Us ဂိမ်း download ပြုလုပ်မှု သန်း ၁၀၀ ကျော်ရှိလာ

Among Us ဟာ ၂၀၂၀ ခုနှစ်ရဲ့ အကောင်းဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး တတိယသုံးလပတ်အတွင်း iOS နဲ့ Android ပေါ်က ထိပ်တန်းမိုဘိုင်းဂိမ်း ဖြစ်တယ်လို့ Sensor Tower အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။

Among Us ဂိမ်းဟာ ၂၀၁၈ ခုနှစ်က စတင်ထွက်ရှိခဲ့ပြီး ၂၀၂၀ တတိယသုံးလပတ်အတွင်း download ပြုလုပ်မှု သန်း ၁၀၀ ကျော်ရှိသွားပြီလို့ Sensor Towers ကခန့်မှန်းထားပါတယ်။ Among Us ဂိမ်းရဲ့နောက်က My Talking Tom Friends ကတော့ download ပြုလုပ်မှုအကြိမ်ရေ ၆၈ သန်းပဲရှိပါတယ်။

Among Us ဂိမ်းဟာ ဆက်လက် ကျော်ကြားဖို့ ရှိပါတယ်။ App Store နဲ့ Google Play တို့မှာလည်း ထိပ်ဆုံးနေရာ ဆက်လက် ရယူထားပါတယ်။ ကွန်ပျူတာမှာတော့ Among Us ဂိမ်းကို ၄.၉၉ ဒေါ်လာနဲ့ ဝယ်ယူကစားနိုင်ပါတယ်။ Steam မှာလည်း Among Us ဟာ အဆင့် (၄) မှာရပ်တည်နေပါတယ်။

စိုးထက်
Ref: TheVerge