Among Us ဂိမ်းကြောင့် Discord အသုံးပြုမှုမြင့်တက်

InnerSloth ကထုတ်လုပ်ထားတဲ့ Among Us ဂိမ်းကတော့ လူမှုရေးမီဒီယာနဲ့ Twitch တွေမှာ ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့လက Among Us ဂိမ်းကို Twitch နဲ့ Facebook gaming မှာ နာရီပိုင်းအတွင်း ကြည့်ရှုသူ ၆၅၀ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ InnerSloth ဟာ Among Us 2 ကိုထွက်ရှိဖို့ စီစဉ်ထားပေမယ့် ပထမဂိမ်းကို အာရုံစိုက်ဖို့ အဆက်ဂိမ်းကို ဖျက်သိမ်းလိုက်ပါတယ်။Among Us ဂိမ်းဟာ အလွန်အောင်မြင်မှုကြောင့် Discord ကို download ပြုလုပ်မှုက အလွန်မြင့်တက်သွားပါတယ်။ Discord ကို တစ်ရက် install ပြုလုပ်သူ ၈၀၀,၀၀၀ ရှိပါတယ်။

Among Us ဂိမ်းအောင်မြင်မှုနဲ့ Discord app download ပြုလုပ်မှုက ဆက်စပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂိမ်းအတွက် အသံနဲ့စကားပြောဆိုမယ့် လုပ်ဆောင်ချက်လိုပါတယ်။ Among Us ဂိမ်းက အဖွဲ့သားအားလုံးကို အသတ်မခံရဖို့ ယာဉ်ပေါ်မှာ ဘယ်သူက အယောင်ဆောင်ဖြစ်သလဲဆိုတာ ဖော်ထုတ်ရတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းကလည်း platform မျိုးစုံမှာ ကစားနိုင်ပြီး အယောင်ဆောင်ရှာဖွေဖို့ အဖွဲ့သားအချင်းချင်း စကားပြောဖို့လိုပါတယ်။

Discord ကတော့ Twitch နဲ့လည်း ပေါင်းစပ်အသုံးပြုနိုင်တဲ့အတွက် ဂိမ်းတွေကို stream ပြုလုပ်တဲ့အခါလည်း လွယ်ကူပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««