American University of Yangon မှ အွန်လိုင်းအသုံးပြုစာသင်ကြားမှုများ ဆက်လက်ဆောင်ရွက်မည်

American University of Yangon မှ အွန်လိုင်းအသုံးပြုကာ စာသင်ကြားမှုများ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဆိုပါတက္ကသိုလ်အနေနဲ့ ချိတ်ဆက်ထားတဲ့ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များနည်းတူ နွေရာသီ စာသင်နှစ်ကို မေ ၄ ရက် မှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး နွေရာသီစာသင်နှစ် အတွက် Microsoft Teams နဲ့ Zoom အစရှိတဲ့ အွန်လိုင်းပလက်ဖောင်းတွေကို အသုံးပြုကာ ယာယီသင်ကြားသွားမှာ ဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဆရာမ၊ ဆရာမ တွေရဲ့ သင်ကြားပို့ချချက်တွေကို download ပြုလုပ်နိုင်မှာဖြစ်ပြီး တိုက်ရိုက်ပို့ချမှုတွေမှာ ပါဝင်ခြင်း၊ အတန်းတွင်းဆွေးနွေးခြင်း၊ ချမှတ်ထားတဲ့ စာမေးပွဲတွေနဲ့ လုပ်ဆောင်ချက် စတာတွေကို အွန်လိုင်း ကနေ လုပ်သွားရမှာဖြစ်ပါတယ်။

ယခု စာသင်ကြားမှုပုံစံမှာ ယာယီသာဖြစ်ပြီး အစိုးရရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ