American Center Yangon မှ Microsoft PowerPoint အသုံးပြုနည်းသင်တန်းဖွင့်မည်

American Center Yangon မှ Microsoft PowerPoint အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

သင်တန်းကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီထိ Zoom Application ဖြင့် သင်ကြားပေးသွားမှာပါတယ်။

သင်တန်းသို့ ပျင်းစရာကောင်းတဲ့ PowerPoint တင်ပြချက်တွေကို ငြီးငွေ့နေသူတွေ Microsoft PowerPoint ကိုအသုံးပြုပြီး ပိုမိုထိရောက်တဲ့ ဆွဲဆောင်မှုရှိတဲ့ presentation တွေကိုပြုလုပ်ချင်သူတွေ အနေနဲ့ တက်ရောက်နိုင်ပါတယ်။ အမေရိကန်စင်တာက ဝန်ထမ်းကိုယ်တိုင် သင်ကြားပေးမယ့် အွန်လိုင်းသင်တန်းကို မြန်မာဘာသာနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ (https://forms.gle/7EdTNogSBkzXsNDE9) မှာ စာရင်းအရင်ပေးသွင်းရမှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««