American Center မှ Online Maker Workshop ပြုလုပ်မည်

အွန်လိုင်းကနေသင်ကြားပေးမယ့် Maker Workshop ကို American Center မှ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Python programming ဟာ maker အတွက် အသုံးဝင်တဲ့ programming language တစ်ခုဖြစ်တဲ့အတွက် ဒီ workshop မှာ Python programming ရဲ့ အခြေခံကို လက်တွေ့သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။

သင်တန်းကို ၂၀၂၀ ခုနှစ် ဧပြီ ၂၀ရက် နေ့လယ် ၁ နာရီမှ ၄ နာရီ အထိတက် ရောက်ရမှာဖြစ်ပြီး မြန်မာဘာသာနဲ့သင်ကြားပေးမှာဖြစ်ပါတယ်။ ဒီ workshop ကို online အနေနဲ့ သင်ကြားခြင်းဖြစ်လို့ အိမ် အပြင်ထွက်စရာမလိုဘဲ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ လိုအပ်မဲ့ software တွေကို workshop မစခင် ကြိုတင် အကြောင်းကြားပေးမှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ ဒီနေရာမှာ စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။

-သန္တာ