Ambient light sensor နည္းပညာ

[ Zawgyi ]

Ambient light sensor ဆိုတာကေတာ့ မိုဘုိင္းဖုန္းေတြမွာ လူရဲ႕မ်က္လုံးကသိရွိသလိုမ်ဳိး အလင္း သို႔မဟုတ္ ေတာက္ပမႈကို ခံစားသိရွိႏုိင္ဖို႔ အသုံးျပဳတဲ့ Sensor နည္းပညာပဲျဖစ္ပါတယ္။ ဒီနည္းပညာကို မိုဘုိင္းထုတ္ကုန္ ေတြမွာ proximity sensor ရဲ႕ တုံ႔ျပန္သိရွိႏုိင္မႈနဲ႔ တြဲဖက္ၿပီး ဖန္တီး အသုံးျပဳတာျဖစ္ပါတယ္။

ဒီနည္းပညာက စမတ္ဖုန္းေတြအျပင္ Laptop၊ Flat Panel Display စတဲ့ ႀကီးမားတဲ့ မ်က္ႏွာျပင္က်ယ္ အမ်ဳိးအစား Display ေတြရဲ႕ ပါ၀ါသုံးစြဲမႈကို အလိုအေလ်ာက္ ေလွ်ာ့ခ်ေပးဖို႔အတြက္နဲ႔ ပတ္၀န္းက်င္ အလင္းေရာင္ေပၚ မူတည္ၿပီး Screen ရဲ႕ ေတာက္ပမႈကို အလိုအေလ်ာက္ အတိုးအေလွ်ာ့ တုံ႔ျပန္ လုပ္ေဆာင္ဖို႔အတြက္လည္း အသုံးျပဳတာျဖစ္ပါတယ္။

ဒီနည္းပညာကို လူ႔ရဲ႕ မ်က္လုံးက တုံ႔ျပန္လုပ္ေဆာင္သလိုမ်ဳိး ပုံတူလုပ္ေဆာင္ႏုိင္ေအာင္ ဖန္တီးထားတာလို႔လည္း ေျပာလု႔ိရပါတယ္။ ဒီ sensor ကို Portable အီလက္ထရြန္းနစ္ ထုတ္ကုန္ေတြမွာ ပါ၀ါသုံးစြဲမႈကို ေလွ်ာ့ခ်ဖို႔ ထုတ္လုပ္မႈကုန္က်စရိတ္ နည္းပါးတဲ့ နည္းပညာတစ္ခုအေနနဲ႔ ထည့္သြင္းအသုံးျပဳတာ ျဖစ္ပါတယ္။ မိုဘုိင္းဖုန္းေတြမွာဆိုရင္ Screen ကို အသုံးမျပဳေတာ့တဲ့အခါမ်ဳိးမွာ အလိုအေလ်ာက္ ျမင္ကြင္းက ပိတ္သြားတာမ်ဳိးအတြက္ ဒီနည္းပညာက အဓိက လုပ္ေဆာင္ေပးတာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီနည္းပညာကို လက္ကိုင္မီးအိမ္ေတြနဲ႔ ဟိုတယ္အခန္းတြင္းသုံး မီးအိမ္ေတြမွာလည္း မီးအလင္းေရာင္ကို အလိုအေလ်ာက္ပိတ္ဖို႔အတြက္ ထည့္သြင္းအသုံးျပဳတဲ့အျပင္ လိုဏ္ေခါင္းလိုေနရာမ်ဳိးေတြမွာလည္း လမ္းလုံၿခဳံေရးအတြက္ အလိုအေလ်ာက္ မီးအဖြင့္အပိတ္ စနစ္တစ္ခုအေနနဲ႔ အသုံးျပဳပါတယ္။

အေ၀းဆုံးအကြာအေ၀း ၁၁ဝဝ နာႏိုမီတာနဲ႔ အနီးဆုံး အကြာအေ၀း ၃၅ဝ နာႏိုမီတာ အတြင္းမွာဆိုရင္ေတာ့ ပုံမွန္ Ambient light sensor တစ္ခုရဲ႕ တုံ႔ျပန္လုပ္ေဆာင္ႏုိင္တဲ့ႏႈန္းက ၈၈ဝ နာႏိုမီတာ ၀န္းက်င္ေလာက္ကိုသာ သိရွိတုံ႔ျပန္လုပ္ေဆာင္ႏုိင္ပါတယ္။ အဲလိုမဟုတ္ဘဲ လိႈင္းအလ်ား အကြာအေ၀းကို က်ဥ္းလိုက္မယ္ ဆိုရင္ေတာ့ ၄ဝဝ နာႏိုမီတာနဲ႔ ၇ဝဝ နာႏိုမီတာ အၾကားမွာဆိုရင္ေတာ့ တုံ႔ျပန္လုပ္ေဆာင္ႏုိင္မႈႏႈန္း ၅၆ဝ နာႏိုမီတာ၀န္းက်င္ရွိမွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Ambient light sensor ဆိုတာကတော့ မိုဘိုင်းဖုန်းတွေမှာ လူရဲ့မျက်လုံးကသိရှိသလိုမျိုး အလင်း သို့မဟုတ် တောက်ပမှုကို ခံစားသိရှိနိုင်ဖို့ အသုံးပြုတဲ့ Sensor နည်းပညာပဲဖြစ်ပါတယ်။ ဒီနည်းပညာကို မိုဘိုင်းထုတ်ကုန် တွေမှာ proximity sensor ရဲ့ တုံ့ပြန်သိရှိနိုင်မှုနဲ့ တွဲဖက်ပြီး ဖန်တီး အသုံးပြုတာဖြစ်ပါတယ်။

ဒီနည်းပညာက စမတ်ဖုန်းတွေအပြင် Laptop၊ Flat Panel Display စတဲ့ ကြီးမားတဲ့ မျက်နှာပြင်ကျယ် အမျိုးအစား Display တွေရဲ့ ပါ၀ါသုံးစွဲမှုကို အလိုအလျောက် လျှော့ချပေးဖို့အတွက်နဲ့ ပတ်ဝန်းကျင် အလင်းရောင်ပေါ် မူတည်ပြီး Screen ရဲ့ တောက်ပမှုကို အလိုအလျောက် အတိုးအလျှော့ တုံ့ပြန် လုပ်ဆောင်ဖို့အတွက်လည်း အသုံးပြုတာဖြစ်ပါတယ်။

ဒီနည်းပညာကို လူ့ရဲ့ မျက်လုံးက တုံ့ပြန်လုပ်ဆောင်သလိုမျိုး ပုံတူလုပ်ဆောင်နိုင်အောင် ဖန်တီးထားတာလို့လည်း ပြောလို့ရပါတယ်။ ဒီ sensor ကို Portable အီလက်ထရွန်းနစ် ထုတ်ကုန်တွေမှာ ပါ၀ါသုံးစွဲမှုကို လျှော့ချဖို့ ထုတ်လုပ်မှုကုန်ကျစရိတ် နည်းပါးတဲ့ နည်းပညာတစ်ခုအနေနဲ့ ထည့်သွင်းအသုံးပြုတာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာဆိုရင် Screen ကို အသုံးမပြုတော့တဲ့အခါမျိုးမှာ အလိုအလျောက် မြင်ကွင်းက ပိတ်သွားတာမျိုးအတွက် ဒီနည်းပညာက အဓိက လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနည်းပညာကို လက်ကိုင်မီးအိမ်တွေနဲ့ ဟိုတယ်အခန်းတွင်းသုံး မီးအိမ်တွေမှာလည်း မီးအလင်းရောင်ကို အလိုအလျောက်ပိတ်ဖို့အတွက် ထည့်သွင်းအသုံးပြုတဲ့အပြင် လိုဏ်ခေါင်းလိုနေရာမျိုးတွေမှာလည်း လမ်းလုံခြုံရေးအတွက် အလိုအလျောက် မီးအဖွင့်အပိတ် စနစ်တစ်ခုအနေနဲ့ အသုံးပြုပါတယ်။

အဝေးဆုံးအကွာအဝေး ၁၁ဝဝ နာနိုမီတာနဲ့ အနီးဆုံး အကွာအဝေး ၃၅ဝ နာနိုမီတာ အတွင်းမှာဆိုရင်တော့ ပုံမှန် Ambient light sensor တစ်ခုရဲ့ တုံ့ပြန်လုပ်ဆောင်နိုင်တဲ့နှုန်းက ၈၈ဝ နာနိုမီတာ ၀န်းကျင်လောက်ကိုသာ သိရှိတုံ့ပြန်လုပ်ဆောင်နိုင်ပါတယ်။ အဲလိုမဟုတ်ဘဲ လှိုင်းအလျား အကွာအဝေးကို ကျဉ်းလိုက်မယ် ဆိုရင်တော့ ၄ဝဝ နာနိုမီတာနဲ့ ရဝဝ နာနိုမီတာ အကြားမှာဆိုရင်တော့ တုံ့ပြန်လုပ်ဆောင်နိုင်မှုနှုန်း ၅၆ဝ နာနိုမီတာဝန်းကျင်ရှိမှာ ဖြစ်ပါတယ်။