
Amazon Web Services (AWS) ဟာ ဒေသများစွာအတွင်း တစ်ခုမှာ ပြတ်တောက်မှုကြောင့် အင်တာနက် ဝန်ဆောင်မှုများစွာ အသုံးပြုလို့ မရဘူးလို့ သိရပါတယ်။
DownDetector က ပြတ်တောက်ခဲ့တဲ့ အွန်လိုင်းဝန်ဆောင်မှုကို ခြေရာခံခဲ့ပြီး ဗုဒ္ဓဟူးနေ့ နံနက် သုံးစွဲသူတွေဆီက AWS ပြတ်တောက်မှု အကြောင်းကြားချက်တွေ ရရှိခဲ့ပါတယ်။ AWS ပြတ်တောက်မှုကြောင့် Amazon platform အမျိုးမျိုး၊ Pokemon Go နဲ့ Roku တို့လို ဝန်ဆောင်မှုအမျိုးမျိုး ပြတ်တောက်ခဲ့တယ်။ Flickr, Adobe နဲ့ Anchor တို့လို အခြားကုမ္ပဏီတွေ ပြတ်တောက်မှုကိုလည်း Twitter မှာတင်ခဲ့ကြပါတယ်။ နယူးယောက်စီးတီး သယ်ယူပို့ဆောင်ရေးကလည်း ပြတ်တောက်မှုကြောင့် ရထားလမ်း အချိန်စာရင်းကို update မလုပ်နိုင်ခဲ့ပါဘူး။
အရှေ့ပိုင်းအချိန် ၁၀ နာရီ မိနစ် ၂၀ မှာတော့ Amazon ကပြဿနာတွေ အားလုံးပြေလည်သွားပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင် Roku နဲ့ Anchor တို့လို ဝန်ဆောင်မှုတွေက အွန်လိုင်း ဖြစ်နေပါပြီ။
-စိုးထက်
Ref: Engadget
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««