Amazon Fire TV နဲ႔ Fire Stick မ်ားတြင္ Android malware ကူးစက္ပ်ံ႕ႏွံ႔ေန

[ Zawgyi ]

Amazon Fire TV ဒါမွမဟုတ္ Fire TV Stick မွာ မူပိုင္ခြင့္ခ်ိဳးေဖာက္ထားတဲ့ ႐ုပ္ရွင္နဲ႔ တီဗီ႐ိႈးေတြကို ၾကည့္ႏိုင္မယ့္ app ေတြကို ထည့္သြင္းထားမယ္ဆိုရင္ cryptocurrency-mining Android virus ရဲ႕ အႏၲရာယ္နဲ႔ ႀကံဳေတြ႕ရႏိုင္တယ္လို႔ AFTVnews က ေဖာ္ျပခဲ့ပါတယ္။

အဲ့ဒီ virus ဟာ malware worm မ်ိဳးကြဲတစ္ခုျဖစ္ၿပီး Fire TV ထုတ္ကုန္ေတြကို ပစ္မွတ္ထားတာမဟုတ္ဘဲ ထုတ္ကုန္ရဲ႕ Android အေျခခံ operating system ရဲ႕ အားနည္းခ်က္ကို ပစ္မွတ္ထားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အဲ့ဒီ malware ကို ADB.Miner လို႔ေခၚဆိုၿပီး com.google.time.timer ဆိုတဲ့ package ေအာက္မွာ Test လို႔ ေခၚတဲ့ app တစ္ခု အေနနဲ႔ install လုပ္မွာျဖစ္ပါတယ္။ ထုတ္ကုန္တစ္ခုဟာ ကူးစက္ခံရတာနဲ႔ cryptocurrency mining လုပ္ဖို႔အတြက္ resource ေတြကို သံုးစြဲမွာျဖစ္တာေၾကာင့္ ထုတ္ကုန္ေတြက ေႏွးေကြးလာတာ၊ ဗီဒီယိုၾကည့္တဲ့အခါ ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္တာမ်ိဳးနဲ႔ ႀကံဳေတြ႕ရမွာျဖစ္သလို screen ေပၚမွာလည္း အစိမ္းေရာင္ Android စက္႐ုပ္ icon နဲ႔ Test ဆိုတဲ့ notification တစ္ခု ေပၚလာမယ္လို႔ သိရပါတယ္။

Fire TV ရဲ႕ developer option ေတြကို default အတိုင္း ပိတ္ထားတယ္ဆိုရင္ေတာ့ virus ရန္ကေန ကင္းေဝးမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ADB debugging နဲ႔ apps from unknown sources ကို allow လုပ္ထားမယ္ဆိုရင္ေတာ့ virus ရန္နဲ႔ ႀကံဳႏိုင္တာေၾကာင့္ ႏွစ္ခုစလံုးကို off လုပ္ထားသင့္တယ္လို႔သိရပါတယ္။

တကယ္လို႔ virus ကူးစက္ခံရတဲ့ သံသယရိွတယ္ဆိုရင္လည္း ေအာက္ေဖာ္ျပပါ လုပ္ေဆာင္ခ်က္ေတြအတိုင္း ျပဳလုပ္ႏိုင္ပါတယ္။

ပထမဆံုးအခ်က္က factory reset လုပ္ဖို႔ပါ။ တကယ္လုိ႔ ထုတ္ကုန္ကို reset မလုပ္ခ်င္ဘူးဆိုရင္ Amazon app store ကေန Total Commander app ကို download လုပ္ၿပီး malware ကို uninstall လုပ္ႏိုင္တယ္လို႔ AFTVnews က အႀကံဳျပဳထားပါတယ္။

-ေနာင္ေနာင္
Ref: Engadget

[ Unicode ]

Amazon Fire TV ဒါမှမဟုတ် Fire TV Stick မှာ မူပိုင်ခွင့်ချိုးဖောက်ထားတဲ့ ရုပ်ရှင်နဲ့ တီဗီရှိုးတွေကို ကြည့်နိုင်မယ့် app တွေကို ထည့်သွင်းထားမယ်ဆိုရင် cryptocurrency-mining Android virus ရဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်လို့ AFTVnews က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ virus ဟာ malware worm မျိုးကွဲတစ်ခုဖြစ်ပြီး Fire TV ထုတ်ကုန်တွေကို ပစ်မှတ်ထားတာမဟုတ်ဘဲ ထုတ်ကုန်ရဲ့ Android အခြေခံ operating system ရဲ့ အားနည်းချက်ကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ malware ကို ADB.Miner လို့ခေါ်ဆိုပြီး com.google.time.timer ဆိုတဲ့ package အောက်မှာ Test လို့ ခေါ်တဲ့ app တစ်ခု အနေနဲ့ install လုပ်မှာဖြစ်ပါတယ်။ ထုတ်ကုန်တစ်ခုဟာ ကူးစက်ခံရတာနဲ့ cryptocurrency mining လုပ်ဖို့အတွက် resource တွေကို သုံးစွဲမှာဖြစ်တာကြောင့် ထုတ်ကုန်တွေက နှေးကွေးလာတာ၊ ဗီဒီယိုကြည့်တဲ့အခါ ပြတ်တောင်းပြတ်တောင်း ဖြစ်တာမျိုးနဲ့ ကြံုတွေ့ရမှာဖြစ်သလို screen ပေါ်မှာလည်း အစိမ်းရောင် Android စက်ရုပ် icon နဲ့ Test ဆိုတဲ့ notification တစ်ခု ပေါ်လာမယ်လို့ သိရပါတယ်။

Fire TV ရဲ့ developer option တွေကို default အတိုင်း ပိတ်ထားတယ်ဆိုရင်တော့ virus ရန်ကနေ ကင်းဝေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ADB debugging နဲ့ apps from unknown sources ကို allow လုပ်ထားမယ်ဆိုရင်တော့ virus ရန်နဲ့ ကြံုနိုင်တာကြောင့် နှစ်ခုစလုံးကို off လုပ်ထားသင့်တယ်လို့သိရပါတယ်။

တကယ်လို့ virus ကူးစက်ခံရတဲ့ သံသယရှိတယ်ဆိုရင်လည်း အောက်ဖော်ပြပါ လုပ်ဆောင်ချက်တွေအတိုင်း ပြုလုပ်နိုင်ပါတယ်။

ပထမဆုံးအချက်က factory reset လုပ်ဖို့ပါ။ တကယ်လို့ ထုတ်ကုန်ကို reset မလုပ်ချင်ဘူးဆိုရင် Amazon app store ကနေ Total Commander app ကို download လုပ်ပြီး malware ကို uninstall လုပ်နိုင်တယ်လို့ AFTVnews က အကြံုပြုထားပါတယ်။

-နောင်နောင်
Ref: Engadget