Amazon Echo နဲ့ယှဉ်ပြိုင်မယ့် စမတ်စပီကာကို Alibaba မိတ်ဆက်

တရုတ် e-commerce ကုမ္ပဏီကြီးဖြစ်တဲ့ Alibaba ဟာ အိမ်သုံး စမတ်စပီကာဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ Tianmao JinglingX1 (Tmall Genie X1) လို့ခေါ်တဲ့ device တစ်ခုကို ဗုဒ္ဓဟူးနေ့က မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာ Alibaba ရဲ့ Amazon Echo ဗားရှင်းဖြစ်ပါတယ်။ X1 ကို တရုတ် မန်ဒရင်း ဘာသာစကားနဲ့သာသုံးနိုင်ပြီး တရုတ်နိုင်ငံမှာပဲ ရောင်းချသွားမှာဖြစ်ပါတယ်။

Amazon ဟာ Echo ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလက မိတ်ဆက်ပေးခဲ့ပါတယ်။ ၆ လအကြာမှာတော့ Alphabet, Microsoft နဲ့ Apple တို့က ကိုယ်ပိုင်ဗားရှင်းတွေကို ဖြန့်ချိခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာ စမတ်စပီကာအသုံးပြုမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်ထက် ၁၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပြီး အမေရိကန်နိုင်ငံသား ၃၆ သန်းက တစ်လမှာ အနည်းဆုံးတစ်ကြိမ် အသုံးပြုလိမ့်မယ်လို့ eMarketer ကခန့်မှန်းထားပါတယ်။

Tmall Genie X1 ရဲ့တန်ဖိုးက ၇၃ ဒေါ်လာဖြစ်ပါတယ်။

-နောင်နောင်
Ref: CNBC