Amazon ဝန်ထမ်း ၂၀,၀၀၀ နီးပါး COVID-19 ကူးစက်ခံရ

မတ်လနောက်ပိုင်းမှာ အမေရိကန်အတွင်းက ရှေ့တန်းဝန်ထမ်း ၁၉,၈၁၆ ဦး COVID-19 ကူးစက်ခံထားရတယ်လို့ Amazon က ထုတ်ပြန်သွားပါတယ်။

Amazon နဲ့ ကုမ္ပဏီခွဲ Whole Foods ကဝန်ထမ်း ၁.၃၇ သန်းမှာ ၁.၄၄ ရာခိုင်နှုန်း COVID ကူးစက်ခံထားရပါတယ်။ Amazon ဟာ ဝန်ထမ်းတွေ၊ အလုပ်သမားအဖွဲ့အစည်းနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ ဝေဖန်မှုတွေခံနေရပါတယ်။ Amazon က ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအပေါ် အရဲစွန့်ပြီး အန္တရာယ်များအောင် လုပ်နေတယ်လို့ သူတို့က ဝေဖန်ထားကြပါတယ်။

ဒါပေမဲ့ Amazon က ရောဂါကူးစက်ခံရမှုက ထင်ထားတာထက် နည်းပါးပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ နေအိမ်မှာ နေထိုင်ရတဲ့ကာလအတွင်း အွန်လိုင်းကနေ ဈေးဝယ်မှု မြင့်တက်လာတာကြောင့် Amazon ဟာ ကပ်ရောဂါကာလအတွင်း လုပ်ငန်းတွေ ဆက်လက်ဖွင့်လှစ် ဆောင်ရွက်နေပါတယ်။

Amazon အတွက် အကျိုးအမြတ်လည်း အလွန်များပြားလာပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့ဟာ ပိုမိုကြွယ်ဝလာပါအုံးမယ်။

Amazon ရဲ့ရောင်းအားဟာ ဇွန်လအကုန် သုံးလအတွင်း ဒေါ်လာ ၈၈.၉ ဘီလျံအထိရှိကာ ၄၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Amazon သုံးလပတ် အမြတ်ငွေက ဒေါ်လာ၅.၂ ဘီလျံ ရှိပြီး ၁၉၉၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး အမြတ်ငွေရရှိမှု ဖြစ်လာပါတယ်။

-စိုးထက်
Ref: BBC

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««