Amazon မှာထွက်ပေါ်လာတဲ့ Oppo A53s

မိတ်မဆက်ထားတဲ့ Oppo A53s ဖုန်းကတော့ Amazon DE မှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီမှာ အသေးစိတ်အချက်အလက် အပြည့်အစုံနဲ့ ဓာတ်ပုံအပြင် ယူရို ၁၈၉ နဲ့ ကြိုတင်မှာယူနိုင်ပြီး အောက်တိုဘာ ၁၃ ရက်မှာ ရောင်းချမယ်ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်လည်း ပါဝင်လာပါတယ်။

Amazon Germany က တရားဝင် Oppo စတိုးက Oppo A53s နဲ့ A53 မှားပြီး ဖော်ပြမိဖွယ်ရှိပါတယ်။ A53s မှာတော့ မျက်နှာပြင် ၆.၅ လက်မ HD+ ရုပ်ထွက်အရည်အသွေး မြန်ဆန်တဲ့ 90Hz display အပြင် 5,000mAh ဘက်ထရီ ပါဝင်လာပါတယ်။ USB-C port ကတစ်ဆင့် 18W အထိ အားသွင်းပေးနိုင်သလို ကင်မရာ ၃ လုံး 13MP, 2MP macro နဲ့ 2MP depth sensor အပြင် 16MP selfie ကင်မရာ ပါဝင်လာပါတယ်။ ဖုန်းမှာ Snapdragon 640 chipset နဲ့ 128GB အထိ တိုးချဲ့နိုင်ပါတယ်။

Amazon စာရင်းမှာတော့ A53s ထဲမှာ RAM ဘယ်လောက်ပါဝင်လဲ ဆိုတာ မဖော်ပြထားပါဘူး။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««