Amazon ပိုင် Zoox မောင်းသူမဲ့ကား မိတ်ဆက်

Amazon ပိုင်ဆိုင်တဲ့ မောင်းသူမဲ့ကား startup ကုမ္ပဏီ Zoox ကတော့ ကားသစ်တစ်မျိုးကို ပြသခဲ့ပါတယ်။

အလိုအလျောက် သွားလာနိုင်တဲ့ ကားဟာ ၁၂ ပေအထိ ရှည်လျားပြီး ၁၆ နာရီအထိ မောင်းနှင်နိုင်ဖို့ ၁၃၃ ကီလိုဝပ်ဘက်ထရီ ပါဝင်လာပါတယ်။

ကားမှာ အလိုအလျောက်မောင်းနှင်ရေး platform အသုံးပြုထားပြီး မြို့ပြပတ်ဝန်းကျင်မှာ လုံခြုံစွာ သွားလာနိုင်မှုအပေါ် အာရုံစိုက်ထားတယ်လို့ Zoox ကပြောခဲ့ပါတယ်။ Zoox ဖော်ပြချက်အရ ကားမှာ လုံခြုံရေးပိုင်းနဲ့ ပတ်သက်တဲ့ ဆန်းသစ်တီထွင်မှု ၁၀၀ ကျော် ပါဝင်လာပါတယ်။ စီးနင်းသူတွေ ဘေးကင်းစေဖို့ ယာဉ်တိုက်မှု ဖြစ်ပွားတဲ့အခါ လေအိတ်တွေ ထည့်သွင်းထားပါတယ်။

ကားကိုတော့ လူ ၄ ဦးအထိ စီးနင်းနိုင်ပြီး လူတစ်ဦးချင်းစီ လုံခြုံရေးအတွက် ကြယ် ၅ ပွင့်အဆင့် လုံခြုံရေးပေးထားတယ်လို့ Zoox ကပြောထားပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««