
Amazon တည်ထောင်သူ ဂျက်ဘီဇော့ဟာ ဒီနှစ် တတိယသုံးလပတ် တစ်ချိန်ချိန်မှာ စီအီးအိုရာထူးကနေ အမှုဆောင်ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်သွားပါမယ်။ Amazon စီအီးအို ရာထူးကိုတော့ AWS စီအီးအို အန်ဒီဂျစီက လွှဲပြောင်းရယူပါမယ်။ Amazon ကတော့ အဲဒီ သတင်းနဲ့အတူ ကုမ္ပဏီဝင်ငွေစာရင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
Amazon ဟာ စီအီးအိုသတင်းနဲ့ ကုမ္ပဏီဝင်ငွေစာရင်းကြောင့် ဈေးကွက် စတော့ရှယ်ယာဈေးနှုန်းက တက်လာပါတယ်။ Amazon ဝင်ငွေစာရင်းမှာ ရှယ်ယာနဲ့ ဝင်ငွေ ရရှိနှုန်းက စံချိန်တင်နိုင်ခဲ့ပါတယ်။
Amazon ကတော့ ၂၀၂၀ စတုတ္ထသုံးလပတ်အတွင်း ရှယ်ယာတစ်ခုစီ ဝင်ငွေ ရရှိမှုနဲ့ ဝင်ငွေရရှိနှုန်းက စံချိန်များစွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် စီအီးအို ထိုင်ခုံကနေ ဂျက်ဘီဇော့ထွက်ခွာတဲ့ ကိစ္စအပေါ် စိုးရိမ်နေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စွမ်းဆောင်ရည်အခြေခံ တိုင်းတာရေးနည်းလမ်းပေးထားပါတယ်။ Amazon ၂၀၂၀ စတုတ္ထသုံးလပတ်ကတော့ ဝင်ငွေ ဒေါ်လာ ဘီလျံ ၁၀၀ ကျော်သွားပြီး မျှော်မှန်းထားတဲ့ ဒေါ်လာ ၁၁၉.၇ ဘီလျံကျော်ပြီး ဒေါ်လာ ၁၂၅.၆ ဘီလျံ ရရှိထားပါတယ်။ ကုမ္ပဏီရဲ့ ဝင်ငွေရလဒ်တွေမှာတော့ ရှယ်ယာတစ်ခုချင်းစီ တန်ဖိုး ၁၄.၀၉ ဒေါ်လာ ရှိပါတယ်။
-စိုးထက်
Ref: TechCrunch
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««