Amazon ကုိယွဥ္ၿပိဳင္ရန္ Walmart နဲ႔ပူးေပါင္းလိုက္တဲ့ Microsoft

[ Zawgyi ]

Microsoft နဲ႔ Walmart တို႔ဟာ နည္းပညာနဲ႔ လက္လီေဈးကြက္အတြင္းက Amazon ကုိယွဥ္ၿပိဳင္ဖို႔အတြက္ နည္းဗ်ဴဟာက်နတဲ့ စီးပြားဖက္အျဖစ္ ပူးေပါင္းခဲ့ပါတယ္။

Walmart အေနနဲ႔ Microsoft ရဲ႕ cloud ဝန္ေဆာင္မႈေတြကို အသုံးျပဳဖို႔အတြက္ ကုမၸဏီအခ်င္းခ်င္းပူးေပါင္းမႈ ျပဳလုပ္ခဲ့တယ္လို႔ Microsoft ရဲ႕ Inspire partner ကြန္ဖရင့္မွာ ထုတ္ျပန္ခဲ့ပါတယ္။ Walmart အေနနဲ႔ machine learning, artificial intelligence နဲ႔ data platform ေတြအေပၚ အာ႐ုံစိုက္လုပ္ကိုင္မယ့္ စီမံကိန္းသစ္ေတြအျပင္ Azure နဲ႔ Microsoft 360 ကုိ ၅ ႏွစ္အသုံးျပဳသြားမယ္လုိ႔ သိရပါတယ္။

Walmart ဟာ Amazon ရဲ႕အႀကီးမားဆုံး လက္လီေဈးကြက္ၿပိဳင္ဘက္ ျဖစ္ပါတယ္။ Microsoft ကလည္း Amazon ရဲ႕ အႀကီးမားဆုံး cloud ဝန္ေဆာင္မႈၿပိဳင္ဘက္ျဖစ္ပါတယ္။ အခုပူးေပါင္းမႈဟာ Amazon နဲ႔ ၿပိဳင္ဆိုင္မႈမွာ အဓိကက်လာမယ္လို႔ Microsoft အမႈေဆာင္အရာရွိခ်ဳပ္ ဆတ္ရာနာဒယ္လာက The Wall Street Journal နဲ႔အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

အခုလို နည္းပညာပူးေပါင္းမႈဟာ ကုမၸဏီႏွစ္ခုစလုံးအတြက္ အက်ိဳးေက်းဇူးရွိလာမွာ ျဖစ္ပါတယ္။ Microsoft အေနနဲ႔ ေငြကုိင္မရွိတဲ့ စတိုးေတြအတြက္ Amazon Go နည္းပညာနဲ႔ယွဥ္ၿပိဳင္ဖို႔ အေကာင္အထည္ေဖာ္ ေနတယ္လို႔ သတင္းထြက္ေပၚအၿပီး ရက္သတၱပတ္ အနည္းငယ္အၾကာမွာ ကုမၸဏီႏွစ္ခု ပူးေပါင္းမႈ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ Microsoft အေနနဲ႔ အဲဒီနည္းပညာအတြက္ Walmart နဲ႔ေဆြးေႏြးမႈ ျပဳလုပ္ေနတယ္လို႔လည္း ဆိုပါတယ္။ ဒါ့အျပင္ Microsoft ဟာ Amazon ရဲ႕ computer vision ကၽြမ္းက်င္တစ္ဦးကုိလည္း အလုပ္ခန္႔လိုက္ပါတယ္။ ဆီယက္တယ္ၿမိဳ႕က Amazon Go စတိုးေတြမွာ computer vision algorithms ေတြအသုံးျပဳထားတဲ့ ကင္မရာေတြနဲ႔ sensor အမ်ိဳးမ်ိဳး အသုံးျပဳထားၿပီး ဝယ္ယူသူယူလိုက္တဲ့ အရာကို ေျခရာခံကာ အလိုအေလ်ာက္ ေငြေၾကး ရယူနိုင္ပါတယ္။ Microsoft ဟာ ကုန္ပစၥည္းေတြကုိ ေျခရာခံဖို႔ ေဈးျခင္းေတာင္းေတြမွာ ကင္မရာေတြထည့္သြင္းမယ့္ စမ္းသပ္မႈေတြ ျပဳလုပ္ေနတယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Microsoft နဲ့ Walmart တို့ဟာ နည်းပညာနဲ့ လက်လီဈေးကွက်အတွင်းက Amazon ကိုယှဉ်ပြိုင်ဖို့အတွက် နည်းဗျူဟာကျနတဲ့ စီးပွားဖက်အဖြစ် ပူးပေါင်းခဲ့ပါတယ်။

Walmart အနေနဲ့ Microsoft ရဲ့ cloud ဝန်ဆောင်မှုတွေကို အသုံးပြုဖို့အတွက် ကုမ္ပဏီအချင်းချင်းပူးပေါင်းမှု ပြုလုပ်ခဲ့တယ်လို့ Microsoft ရဲ့ Inspire partner ကွန်ဖရင့်မှာ ထုတ်ပြန်ခဲ့ပါတယ်။ Walmart အနေနဲ့ machine learning, artificial intelligence နဲ့ data platform တွေအပေါ် အာရုံစိုက်လုပ်ကိုင်မယ့် စီမံကိန်းသစ်တွေအပြင် Azure နဲ့ Microsoft 360 ကို ၅ နှစ်အသုံးပြုသွားမယ်လို့ သိရပါတယ်။

Walmart ဟာ Amazon ရဲ့အကြီးမားဆုံး လက်လီဈေးကွက်ပြိုင်ဘက် ဖြစ်ပါတယ်။ Microsoft ကလည်း Amazon ရဲ့ အကြီးမားဆုံး cloud ဝန်ဆောင်မှုပြိုင်ဘက်ဖြစ်ပါတယ်။ အခုပူးပေါင်းမှုဟာ Amazon နဲ့ ပြိုင်ဆိုင်မှုမှာ အဓိကကျလာမယ်လို့ Microsoft အမှုဆောင်အရာရှိချုပ် ဆတ်ရာနာဒယ်လာက The Wall Street Journal နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အခုလို နည်းပညာပူးပေါင်းမှုဟာ ကုမ္ပဏီနှစ်ခုစလုံးအတွက် အကျိုးကျေးဇူးရှိလာမှာ ဖြစ်ပါတယ်။ Microsoft အနေနဲ့ ငွေကိုင်မရှိတဲ့ စတိုးတွေအတွက် Amazon Go နည်းပညာနဲ့ယှဉ်ပြိုင်ဖို့ အကောင်အထည်ဖော် နေတယ်လို့ သတင်းထွက်ပေါ်အပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ ကုမ္ပဏီနှစ်ခု ပူးပေါင်းမှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ Microsoft အနေနဲ့ အဲဒီနည်းပညာအတွက် Walmart နဲ့ဆွေးနွေးမှု ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် Microsoft ဟာ Amazon ရဲ့ computer vision ကျွမ်းကျင်တစ်ဦးကိုလည်း အလုပ်ခန့်လိုက်ပါတယ်။ ဆီယက်တယ်မြို့က Amazon Go စတိုးတွေမှာ computer vision algorithms တွေအသုံးပြုထားတဲ့ ကင်မရာတွေနဲ့ sensor အမျိုးမျိုး အသုံးပြုထားပြီး ဝယ်ယူသူယူလိုက်တဲ့ အရာကို ခြေရာခံကာ အလိုအလျောက် ငွေကြေး ရယူနိုင်ပါတယ်။ Microsoft ဟာ ကုန်ပစ္စည်းတွေကို ခြေရာခံဖို့ ဈေးခြင်းတောင်းတွေမှာ ကင်မရာတွေထည့်သွင်းမယ့် စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

စိုးထက်
Ref: TheVerge