Amazfit T-Rex smart watch

ရေစိုခံ အကြမ်းခံပြီး လှုပ်လှုပ်ရှားရှား အားကစားလုပ်တက်တဲ့သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ Display ကလည်း 1.3 inches ရှိပြီး AMOLED Display နဲ့မို့ နေ့အလင်းထဲမှာပါ ပြတ်ပြတ်သားသားကြည့်နိုင်မှာဖြစ်ပါတယ်။

အကြမ်းခံနိုင်ရည်ရှိဖို့ Corning Gorilla Glass 3 + anti-fingerprint coating နဲ့ ထပ်မံအုပ်ပေးထားပါတယ်။390mAh ရှိ Li-Po Battery ထောက်ပံ့ပေးထားပြီး နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ ရာသီဥတုကို ခန့်မှန်းခြင်းစတဲ့ လုပ်ဆောင်ချက်တွေကို ရက် ၂၀ အထိ ဆက်တိုက်အသုံးပြုနိုင်ပါတယ်။ ပုံမှန် နာရီအနေနဲ့ထားမယ်ဆိုရင်တော့ ၆၆ ရက်အထိ အသုံးပြုနိုင်ပါတယ်။ ဖုန်းနဲ့ ချိတ်ဆက်ဖို့အတွက် Android 5.0 နဲ့အထက်၊ ios 10.0 နဲ့အထက်ရှိဖို့ လိုအပ်ပါတယ်။ Amazfit app နဲ့ချိတ်ဆက်ပြီး နာရီရဲ့ theme နဲ့ setting ကို ပြောင်းလဲနိုင်ပါတယ်။ Sensor အနေနဲ့ Light, GPS, accelerometer စတာတွေ ထောက်ပံ့ပေးထားပါတယ်။

တန်ဖိုးက ၁၆၅,၀၀၀ ကျပ်ဖြစ်ပါတယ်။ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း(၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄၊ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄၊၃၄၆၀၃၈၈၈၄ တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ