Amazfit GTS 2 Smart Watch

ကျန်းမာရေးအတွက် Fitness နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ များစွာပါဝင်ပြီး ဝတ်ဆင်တဲ့အခါမှာလည်း သက်သောင့်သက်သာ ရှိတဲ့ Amazfit GTS 2 Smart Watch ဖြစ်ပါတယ်။ အရင် Series 1 ထက် ထူးခြားတာကတော့ Built-in microphone နဲ့ Speaker ပါဝင်လာတဲ့အတွက် ဖုန်းကိုင်တာ၊ ဖုန်းခေါ်တာတွေ အပြင် Music Play စတာတွေကို အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။Watch faces တွေကိုလည်း တစ်နေ့တစ်မျိုး မရိုးရအောင် အမျိုးမျိုး ပြောင်းလဲနိုင််မှာ ဖြစ်ပါတယ်။ကိုယ်ထည်ကို အကြမ်းခံနိုင်တဲ့ Aircraft-grade aluminum alloy နဲ့ တည်ဆောက်ထားပါတယ်။ ၁.၆၅ လက်မအရွယ် AMOLED Display နဲ့ဖြစ်ပြီး 341 ppi ကို 100% NTSC အထိ အထောက်အပံ့ပေးထားကာ Corning Gorilla Glass 3 နဲ့ လက်ဗွေရာလုံးဝမထင်တဲ့ Anti-fingerprint coating ကို အသုံးပြုပေးထားပါတယ်။ ဒါ့အပြင် ရေစိမ်လည်း ခံနိုင်တဲ့အတွက် ရေကူးခါနီး ချွတ်နေစရာ မလိုဘဲ ရေအောက်အနက် မီတာ ၅၀ အထိ ယူဆောင်သွားနိုင်ပါတယ်။ Accelerometer , Ambient light, Barometer, compass, Gyroscope, HRM Sensor စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Bluetooth Version က 5.0 ဖြစ်ပြီး Android 5.0 နဲ့ အထက်၊ iOS 10.0 နဲ့အထက်ရှိတဲ့ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ ချိတ်ဆက်နိုင်မှာပါ။ 246 mAh ဘက်ထရီကို အသုံးပြုထားပြီး ၂ နာရီအားသွင်းရုံနဲ့ အားအပြည့်သွင်းနိုင်တဲ့ အပြင် နေ့စဉ်သုံး ပုံမှန်လုပ်ဆောင်ချက်တွေကိုပဲ အသုံးပြုမယ်ဆိုရင် ရက် ၂၀ လောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေအတွက် Sports Mode ၁၂ မျိုးပါဝင်ပြီး ခန္ဓာကိုယ်က သွေးခုန်နှုန်းတွေ၊ သွေးတွင်းအောက်စီဂျင်ပမာဏတွေကို တိုင်းတာပြီး ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက ၁၇၅,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ ကို ဆက်သွယ်ဝယ်ယူ နိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««