Amazfit Bip U Smart Watch

ကျန်းမာရေးအတွက် Fitness နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ များစွာပါဝင်သလို ဝတ်ဆင်တဲ့အခါမှာလည်း သက်သောင့်သက်သာရှိတဲ့ Amazfit Bip U Smart Watch ဖြစ်ပါတယ်။ ရေလုံပြီး ကိုယ်ထည်ကို Silicone, polycarbonate နဲ့ ပြုလုပ်ထားပါတယ်။ 1.43-inch color TFT LCD 320 x 302 resolution 2.5D Display နဲ့ဖြစ်ပြီး အကြမ်းခံဖို့အတွက် Corning Gorilla Glass 3 နဲ့ Anti-scratch glass ထောက်ပံ့ပေးထားပါတယ်။ Fitness နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေက SpO2 တိုင်းလို ရမယ့်အပြင် Steps, Calories, Running, Cycling, Yoga, Swimming, Dancing, Skating, Kickboxing, Active hours, Treadmill, Free Exercise တို့ပါဝင်မှာဖြစ်ပါတယ်။ မိမိရဲ့ အိပ်စက်အနားယူနိုင်မှု အဆင့်ဆင့်ကိုလည်း ပြပေးနိုင်မှာ ဖြစ်ပါတယ်။ Sensor အနေနဲ့ BioTracker 2 PPG biological optical sensor ,Accelerometer Gyroscope Pulse oximeter စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Bluetooth 5.0 BLE ထောက်ပံ့ပေးထားပြီ Android 5.0 နဲ့အထက်၊ iOS 10.0 နဲ့ အထက်မှာ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Non-removable-polymer battery 230 mAh ထောက်ပံ့ပေးထားပြီး ၉ ရက်ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက 40.9 x 35.5 x 11.4 mm ဖြစ်ပြီး အလေးချိန်က 31g သာရှိပါတယ်။

တန်ဖိုး ၆၈,၀၀၀ ကျပ် ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ ကို ဆက်သွယ်ဝယ်ယူ နိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««