Amazfit AirRun

ကျန်းမာရေးအထောက်ကူပြု Indoor သုံး အပြေးလေ့ကျင့်စက်ဖြစ်ပြီး Manual သုံးနိုင်သလို phoneထဲမှာ Mi Home App ထည့်သွင်းပြီး Smart Device အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အိမ်သုံးတစ်ခုအနေနဲ့ သာမက professional Treadmill တစ်ခု‌ အနေနဲ့ပါ အသုံးပြုနိုင်မှာပါ။ပြေးဖို့အတွက် 1300mm x 500mm ရှိတဲ့ ကြီးမားတဲ့ မျက်နှာပြင်၊ ခြေချော်ခြင်းမဖြစ်စေတဲ့ Non-slip စိန်ကွက်ပုံစံပါအခင်းစ အပြင် အနားစွန်းတွေကို နူးညံ့တဲ့ ရာဘာပြားတွေဖုံးအုပ်ပေးထားတာကြောင့် ထိခိုက်မှု မရှိဘဲ သက်သောင့်သက်သာ လေ့ကျင့်ခန်းလုပ်နိုင်မှာ ဖြစ်ပါတယ်။ Running Belt လို့ခေါ်တဲ့ အခင်းစကိုလည်း အလွယ်တကူ ကိုယ့်စိတ်ကြိုက် ‌အလျော့အတင်း လုပ်နိုင်ပါတယ်။ safety point of view အဖြစ် လေ့ကျင့်ခန်းလုပ်နေရင်း အဖျားကို ခြေချော်ပြီး ရောက်သွားရင် ချော်မကျစေဖို့ အတွက် လုပ်ဆောင်ပေးမယ့် emergency and slow stop cable လည်း ထောက်ပံ့ပါရှိပါတယ်။ Amazfit AirRunမှာက တစ်နာရီပြေးနှုန်း ၁၅ ကီလိုမီတာအထိပြေးနိုင်ပြီး၊ ပြေးနေတဲ့ ကြာချိန် ၊ ကိုယ်ပြေးတဲ့ အကွာအဝေးတွေကို LED board မှာပြပေးပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ Amazfit Smart Watch တွေနဲ့ချိတ်ဆက်ထားရင် bpm ကိုပါ သိနိုင်ပါတယ်။ JBL broadband speaker ထောက်ပံ့ပါရှိတဲ့အတွက် လေ့ကျင့်ခန်းလုပ်နေရင်း သီချင်းသံကိုပါ နားဆင်နိုင်ပါတယ်။အလေးချိန်က 63Kg ရှိပါတယ်။

တန်ဖိုးက ၅၁၅,၀၀၀ ကျပ်ဖြစ်ပါတယ်။ Laser iT & Mobile Phone ဖုန်း – ၀၉-၇၉၇၉၉၉၉၇၀ နဲ့ ၀၉၇၉၀၄၁၄ ၉၇၉ ကိုဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ