Always On လုပ်ဆောင်ချက်ပါဝင်တဲ့ OnePlus 8T မိတ်ဆက်

OnePlus 8T ကိုတော့ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ OnePlus 8T ဖုန်းမှာ Warp Charge 65 ပါဝင်တဲ့အတွက် ၃၉ မိနစ်နဲ့ အားအပြည့်သွင်းနိုင်ပါတယ်။ ဖုန်းကို ၁၅ မိနစ် အားသွင်းရုံနဲ့ အချိန်အတော်ကြာ အသုံးပြုနိုင်ပါတယ်။

       

ဘက်ထရီပမာဏကတော့ 4,300mAh ရှိပြီး အားသွင်းကြိုးနဲ့ charger အတုလုပ်တာကို ကာကွယ်ဖို့ encryption chip တွေ ထည့်သွင်းထားပါတယ်။ USB-C port ကနေ အားသွင်းရတာ ဖြစ်ပြီး 45W အထိ စွမ်းအင် ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် laptop, Nintendo Switch နဲ့အခြား ထုတ်ကုန်တွေကိုလည်း အားသွင်းနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် မပါဝင်ပါဘူး။

OnePlus 8T မျက်နှာပြင်ကတော့ ၆.၅၅ လက်မရှိပြီး AMOLED panel နဲ့အတူ 1080p+ ရုပ်ထွက်အည်အသွေး၊ 120Hz refresh ate လည်းပါဝင်လာပါတယ်။

ဒါ့အပြင် OnePlus 8T အတွက် ထူးခြားတာက Always On Display (AOD) mode စတင်ပါဝင်လာတဲ့ ပထမဆုံး OnePlus ထုတ်ကုန် ဖြစ်လာပါတယ်။ မတူညီတဲ့ ဒီဇိုင်း ၁၁ ခုကို ထည့်သွင်းထားပါတယ်။ AI လုပ်ဆောင်ချက်က Always On Display mode အသုံးပြုတဲ့အခါ Gallery ထဲက အကောင်းဆုံး portrait ဓာတ်ပုံကို ရွေးချယ်ပေးပါတယ်။ OnePlus ဟာ Snapchat နဲ့လည်း ပူးပေါင်းထားတဲ့အတွက် AOD မှာ Bitmoji လုပ်ဆောင်ချက် အသုံးပြုနိုင်သလို နေ့စဉ်လုပ်ငန်းဆောင်တာနဲ့ ပတ်ဝန်းကျင်အခြေအနေကိုလည်း update လုပ်ပေးပါမယ်။

        

                    

OnePlus 8T မှာတော့ Snapdragon 865 chipset နဲ့ UFS 3.1 storage ပါဝင်တာကြောင့် app ဖွင့်တာ မြန်ဆန်ပါတယ်။ OnePlus 8T ကိုတော့ 128GB နဲ့ 256GB ၂ မျိုးထုတ်လုပ်ပြီး LDDR4X RAM 8GB နဲ့ 12GB တွဲဖက်ပေးထားပါတယ်။ ဖုန်းမှာ ပါဝင်တဲ့ အအေးပေးစနစ်ကလည်း အရင်ကထက် ၂၈၅ ရာခိုင်နှုန်းအထိ ကြီးမားပါတယ်။ OnePlus 8T ဟာ Android 11 ပါဝင်တဲ့ ပထမဆုံးဖုန်းတွေထဲက တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် Dark mode လည်းပါဝင်သလို ကင်မရာ app ကိုလည်း update လုပ်ထားပါတယ်။

               

OnePlus 8T မှာ 48MP IMX586 ပါဝင်ပြီး 16MP ultrawide နဲ့ အခြား ကင်မရာ ၂ လုံးကတော့ 5MP macro နဲ့ 2MP depth sensor ဖြစ်ပါတယ်။ OnePlus 8T ဗီဒီယိုကင်မရာမှာ AI algorithm ကြောင့် လူကို ခြေရာခံပြီး နောက်ခံဝါးပေးတဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။OnePlus 8T ကိုတော့ အိန္ဒိယမှာ အောက်တိုဘာ ၁၆ရက် စတင်ရောင်းချပါမယ်။ OnePlus 8T 8/128GB ကတော့ ရူပီး ၄၆,၀၀၀ နဲ့ 12/256GB ကတော့ ရူပီး ၄၃,၀၀၀ ကျသင့်ပါမယ်။

        

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««