Alldocube X 10.5

[ Zawgyi ]

တန်ဖိုး – ကန်ဒေါ်လာ ၂၇၀

အားသာချက်


အားနည်းချက်


အသေးစိတ်ဖော်ပြချက်


-သီဟ

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၂၇၀

အားသာချက်

ဘက်ထရီအားသာချက်က ဒီ tablet ရဲ့အားသာချက်တစ်ခုဖြစ်ပြီး onboard speaker ကလည်း အတော်လေးကောင်းမွန်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ AMOLED display ကို အသုံးပြုထားတဲ့အတွက် resolution လည်း အတော်ကောင်မွန်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အားနည်းချက်

App တွေကို အသုံးများတဲ့အခါမှာ OS က အနည်းငယ် နှေးကွေးသွားတာကို ကြုံတွေ့ရမှာဖြစ်ပြီး vibration ဒါမှမဟုတ် haptic တုံ့ပြန်ချက်တွေကလည်း သိပ်ကောင်းမွန်တာကိုမျိုး မရှိပါဘူး။

အသေးစိတ်ဖော်ပြချက်

MTK 8176 Hexa Core CPU ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.7GHz ရှိမှာဖြစ်ပါတယ်။ RAM 4GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေကို ထည့်သွင်းသိမ်းဆည်းဖို့ အတွက် storage space 64GB ပမာဏကို တပ်ဆင်ပေးထားပါတယ်။ Graphic ပိုင်းအတွက် GPU ကို IMG PowerVR GX6250 ကို တပ်ဆင်ပေးထားပါတယ်။ AMOLED display ကို အသုံးပြုထားပြီး screen resolution ကတော့ 2560 x 1600 ရှိမှာဖြစ်ပါတယ်။ Display screen အရွယ်အစားကတော့ ၁၀.၅ လက်မခန့် ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 8.1 ကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းမှာ အရှေ့ဘက်ကင်မရာရော အနောက်ဘက်ကင်မရာကိုပါ 8 megapixels ရှိတဲ့ ကင်မရာတွေကို တပ်ဆင်သုံးစွဲထားပါတယ်။ ဘက်ထရီသိပ်သည်းဆကတော့ 8000mAh ရှိမှာဖြစ်ပါတယ်။ အင်တာနက် အသုံးပြုဖို့အတွက်ဆိုရင်တော့ Wi-Fi connection နဲ့ချိတ်ဆက်မှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။