Alldocube X 10.5

တန်ဖိုး – ကန်ဒေါ်လာ ၂၇၀

အားသာချက်

ဘက်ထရီစနစ်ကောင်းမွန် တာက ဒီ tablet ရဲ့ အားသာ ချက်တစ်ခုဖြစ်သလို onboard speaker ကလည်း အတော်လေး ကောင်းမွန်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ AMOLED display ကို အသုံးပြုထားတဲ့အတွက် re-solution ပိုင်းလည်း အတော် ကောင်မွန်တာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

အားနည်းချက်

App တွေကို အသုံးများတဲ့ အခါမှာ OS က အနည်းငယ်နှေး ကွေးသွားတာကို ကြုံတွေ့ရမှာ ဖြစ်ပြီး vibration ဒါမှမဟုတ် haptic တုံ့ပြန်ချက်တွေကလည်း သိပ်ကောင်းမွန်တာမျိုး မရှိပါ ဘူး။

အသေးစိတ်ဖော်ပြချက်

MTK 8176 Hexa Core CPU ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.7GHz ရှိမှာဖြစ်ပါတယ်။ RAM 4GB ပါဝင်မှာဖြစ်ပြီး အချက်အ လက်တွေကို ထည့်သွင်း သိမ်း ဆည်းဖို့အတွက် storage ပမာဏ 64GB ပါ၀င်ပါတယ်။ Graphic ပိုင်းအတွက် GPU IMG PowerVR GX6250 ကို တပ် ဆင်ပေးထားပါတယ်။ AMOLED display ကို အသုံးပြုထားပြီး screen resolution ကတော့ 2560 x 1600 ရှိမှာဖြစ်ပါတယ်။ Display အရွယ်အစားကတော့ ၁၀.၅ လက်မခန့်ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System က တော့ Android 8.1 ဖြစ်ပါ တယ်။ ကင်မ ရာစနစ်အတွက် အရှေ့ဘက်နဲ့ အနောက်ဘက်ကင်မရာတွေကို 8 megapixels ရှိတဲ့ကင်မရာ တွေ တပ်ဆင်အသုံးပြုထားပါတယ်။ ဘက်ထရီသိပ်သည်းဆကတော့ 8000mAh ရှိမှာဖြစ်ပါတယ်။ အင်တာနက်အသုံးပြုဖို့အတွက် Wi-Fi ကွန်ရက်နဲ့ချိတ်ဆက်မှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-သီဟ