Alienware m17 R3

ဈေးနှုန်း – ကန်ဒေါ်လာ ၃၅၂၉

အားသာချက်

Desktop နေရာ အစားထိုး အသုံးပြုနိုင်မယ့် ဒီ Laptop ရဲ့ ဒီဇိုင်းက ဆွဲဆောင်မှုရှိသလို ပေါ့ပါးမှုလည်းရှိပါတယ်။ ပြည့်ဝကောင်းမွန်တဲ့ အလုံးစုံစွမ်းဆောင်ရည်နဲ့ မြင့်မားတဲ့ ဂရပ်ဖစ်စနစ်တွေ ထောက်ပံ့ပါဝင်ပြီး လှပတဲ့ 4K display အပြင် အသုံးပြုရတာ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်စနစ်တွေ ပါဝင်လာတာက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

စွမ်းဆောင်ရည် မြင့်မားကောင်းမွန်ပေမယ့် ဈေးကြီးတယ်လို့ ခံစားရတာနဲ့ ဘက်ထရီနဲ့အသုံးပြုနိုင်မှုက ပုံမှန်ရှိသင့်တဲ့ ကြာချိန်ထက် နည်းတာတွေက ဒီ L‌apto‌p ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

သုံးသပ်ချက်

Alienware m17 R3 က စွမ်းဆောင်ရည် မြင့်မားသလို ဒီဇိုင်းလှပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ Laptop တစ်လုံး ဖြစ်သလို ပေါ့ပါးမှုရှိတာက နှစ်သက်ကျစရာပါ။ ဂိမ်း Laptop တွေထဲမှာ ဒီဇိုင်းက မတူကွဲပြားခြားနားသလို မြင့်မားတဲ့ High level စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားပြီး 4K Display နဲ့ဆိုတော့ ပြောစရာမရှိအောင် Desktop အစားထိုးအနေနဲ့ အသုံးပြုနိုင်မယ့် Laptop တစ်လုံးဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ မိမိက ဘက်ထရီကြာကြာ သုံးနိုင်တဲ့ ဂိမ်း Laptop ကို လိုချင်တယ်ဆိုရင်တော့ Asus ROG Mothership က ပိုသင့်တော်မှာပါ။ Alienware M17 R3 ရဲ့ ကန်ဒေါ်လာ ၃၅၆၉ က ဈေးကြီးတယ်လို့ ထင်စရာရှိပေမယ့် ကန်ဒေါ်လာ ၄၅၉၉ ရှိတဲ့ ROG Mothership က ပိုဈေးကြီးတယ်ဆိုရမှာပါ။ နောက်ထပ် m17 R3 လိုမျိုး စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တဲ့ MSI GT76 ကတော့ ကန်ဒေါ်လာ ၄၅၉၉ တန်ဖိုးရှိပါတယ်။ မိမိအနေနဲ့ ပေါ့ပါးသလို ဒီဇိုင်းလှပပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Desktop အစားထိုး ဂိမ်း Laptop ကို ရှာနေတယ်ဆိုရင်တော့ Alienware m17 R3 က ထိပ်တန်းရွေးချယ်စရာ တစ်ခုလို့ ဆိုချင်ပါတယ်။

Alienware m17 R3 ကို Intel Core i7-10750H processor, RAM 16GB, 256 PCIe M.2 SSD, AMD Radeon RX 5500M (4GB), resolution 1920x1080p အရည်အသွေး ၁၇.၃ လက်မ Display နဲ့ဆိုရင်တော့ ကန်ဒေါ်လာ ၁၅၄၉ ကျသင့်မှာဖြစ်ပြီး ကန်ဒေါ်လာ ၂၂၄၉ တန်ဖိုးရှိတဲ့ အလယ်အလတ်အဆင့် အမျိုးအစားမှာတော့ 256GB PCIe M.2 SSDs နှစ်လုံး၊ Nvidia GeForce RTX 2070 Super GPU (8GB) နဲ့ 144Hz refresh rate ရှိတဲ့ ၁၇.၃ လက်မ 1080p Display နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၇.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 3840x2160p အထိ ထောက်ပံ့ပေးနိုင်တဲ့ 4K panel အမျိုးအစားဖြစ်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 2.4GHz ရှိတဲ့ 10th Gen Intel Core-i9-10980HK processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD GPU နဲ့ Nvidia GeForce RTX 2080 Super GPU (8GB VRAM) စနစ်တွေထောက်ပံ့ပါဝင်ပါတယ်။ RAM 32 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1TB PCIe m.2 SSDs တွေ ပါဝင်ပါတယ်။ Geekbench 4.3 ရဲ့ overall စွမ်းဆောင်ရည်ရမှတ် ၂၉,၉၅၅ ရရှိတာက ပရီမီယံဂိမ်း Laptop တစ်လုံးရဲ့ ပျှမ်းမျှစွမ်းဆောင်ရည် ၂၆,၀၉၄ ရမှတ်ထက် ပိုတဲ့ မြင့်မားတဲ့ ရမှတ်ဖြစ်ပါတယ်။ Steam VR စွမ်းဆောင်ရည်ပိုင်းကတော့ အခြားဂိမ်း Laptop တွေဖြစ်တဲ့ Predator, Mothership, Titan စတာတွေလိုပဲ ဂိမ်း Laptop တစ်လုံးမှာ ရှိသင့်တဲ့ ပျှမ်းမျှအရည်အသွေးကို ပြည့်ပြည့်ဝဝ ပိုင်ဆိုင်ထားပါတယ်။ စပီကာရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှုရှိပြီး Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်လှပါတယ်။ ကိုယ်ထည်ရဲ့ ညာဘက်ဘောင်ထဲမှာ USB 3.2 Gen 2 Type-A ပေါက်၊ microSD ကတ်ပေါက်တွေ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ USB 3.2 Type-A ပေါက်၊ Ethernet ပေါက်နဲ့ နားကြပ်ပေါက်တွေ ထည့်သွင်းပေးထားပါတယ်။ Thunderbolt 3 ပေါက်၊ HDMI 2.0 ပေါက်၊ minid Display ပေါက်၊ အားသွင်းပေါက်နဲ့ Alienware Graphic Amplifier အနေနဲ့ အသုံးပြုနိုင်မယ့် power boost ပေါက်တွေကတော့ ကိုယ်ထည် နောက်ဘက်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၂ နာရီနဲ့ ၃၀ မိနစ်ခန့် အသုံးပြုနိုင်တာက Chromebook တစ်လုံးရဲ့ ပျှမ်းမျှသုံးနိုင်တဲ့ ဘက်ထရီကြာချိန် ၁၀ နာရီဝန်းကျင် ထက် နည်းတယ်လို့ ဆိုရမှာပါ။ အလေးချိန်ကတော့ ၂.၉ ကီလိုဂရမ် (၆.၆ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.Laptopmag.com