Alexa ပါဝင္လာတဲ့ HP Envy all-in-one ကြန္ပ်ဴတာသစ္

[Zawgyi]

HP ဟာ Amazon ရဲ႕ Alexa voice-assistant နည္းပညာပါဝင္တဲ့ ၃၄ လက္မ Envy Curved all-in-one desktop သစ္ကို ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။

Envy ဟာ ကမၻာ့အနံအက်ယ္ဆံုး all-in-one ကြန္ပ်ဴတာ ျဖစ္သလို Alexa ပါဝင္တဲ့ ပထမဆံုး all-in-one ျဖစ္တယ္လို႔ HP က ေျပာပါတယ္။

Alexa ဟာ အိမ္သံုး voice assistant ေတြထဲမွာ နာမည္အေက်ာ္ၾကားဆံုး ျဖစ္ပါတယ္။ Amazon Echo ထုတ္ကုန္တစ္ခုမွာ Alexa ဆိုတဲ့ အမည္ကိုေျပာလိုက္တာနဲ႔ သံုးစြဲသူေတြက ေမးခြန္းေတြေမးတာ၊ သီခ်င္းဖြင့္ခိုင္းတာနဲ႔ အိမ္သံုး thermostat ေတြ ထိန္းခ်ဳပ္တာ စတာေတြကို ေစခိုင္းႏိုင္ပါတယ္။

Amazon ရဲ႕ Echo ထုတ္ကုန္ေတြလိုပဲ HP ရဲ႕ Envy မွာ Alexa လို႔ ေျပာလိုက္တာနဲ႔ အျပာေရာင္မီးလံုးတစ္ခု လင္းလာမွာျဖစ္ပါတယ္။

HP ဟာ Alexa ပါဝင္တဲ့ ကြန္ပ်ဴတာနဲ႔အတူ Envy laptop သစ္ ေလးမ်ိဳးနဲ႔ Elite စီးရီး laptop နဲ႔ desktop PC သစ္ ငါးမ်ိဳးတို႔ကို မိတ္ဆက္ခဲ့ပါတယ္။

၃၄ လက္မ Envy ကို ဒီႏွစ္မကုန္ခင္ အထိ ေရာင္းခ်ဖို႔အစီအစဥ္ မရိွတာေၾကာင့္ ေရာင္းခ်မယ့္အခ်ိန္နဲ႔ ေစ်းႏႈန္းကို HP က မေျပာၾကားခဲ့ပါဘူး။ ဒါေပမဲ့ Alexa နဲ႔ cruved display မပါတဲ့ ၂၇ လက္မ all-in-one ကိုေတာ့ ေဒၚလာ ၁,၄၀၀ နဲ႔ ဒီလကုန္ပိုင္းမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။


-ေနာင္ေနာင္
Ref: TheVerge

==============

[Unicode]

HP ဟာ Amazon ရဲ့ Alexa voice-assistant နည်းပညာပါဝင်တဲ့ ၃၄ လက်မ Envy Curved all-in-one desktop သစ်ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

Envy ဟာ ကမ္ဘာ့အနံအကျယ်ဆုံး all-in-one ကွန်ပျူတာ ဖြစ်သလို Alexa ပါဝင်တဲ့ ပထမဆုံး all-in-one ဖြစ်တယ်လို့ HP က ပြောပါတယ်။

Alexa ဟာ အိမ်သုံး voice assistant တွေထဲမှာ နာမည်အကျော်ကြားဆုံး ဖြစ်ပါတယ်။ Amazon Echo ထုတ်ကုန်တစ်ခုမှာ Alexa ဆိုတဲ့ အမည်ကိုပြောလိုက်တာနဲ့ သုံးစွဲသူတွေက မေးခွန်းတွေမေးတာ၊ သီချင်းဖွင့်ခိုင်းတာနဲ့ အိမ်သုံး thermostat တွေ ထိန်းချုပ်တာ စတာတွေကို စေခိုင်းနိုင်ပါတယ်။


Amazon ရဲ့ Echo ထုတ်ကုန်တွေလိုပဲ HP ရဲ့ Envy မှာ Alexa လို့ ပြောလိုက်တာနဲ့ အပြာရောင်မီးလုံးတစ်ခု လင်းလာမှာဖြစ်ပါတယ်။

HP ဟာ Alexa ပါဝင်တဲ့ ကွန်ပျူတာနဲ့အတူ Envy laptop သစ် လေးမျိုးနဲ့ Elite စီးရီး laptop နဲ့ desktop PC သစ် ငါးမျိုးတို့ကို မိတ်ဆက်ခဲ့ပါတယ်။

၃၄ လက်မ Envy ကို ဒီနှစ်မကုန်ခင် အထိ ရောင်းချဖို့အစီအစဉ် မရှိတာကြောင့် ရောင်းချမယ့်အချိန်နဲ့ စျေးနှုန်းကို HP က မပြောကြားခဲ့ပါဘူး။ ဒါပေမဲ့ Alexa နဲ့ cruved display မပါတဲ့ ၂၇ လက်မ all-in-one ကိုတော့ ဒေါ်လာ ၁,၄၀၀ နဲ့ ဒီလကုန်ပိုင်းမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge