
Apple ဟာ AirPods မော်ဒယ်သစ်ကို နှစ်ကုန်မှာ မိတ်ဆက်ဖို့ ရှိနိုင်ပါတယ်။ AirPods ဟာ၂၀၁၉ ခုနှစ်ကတည်းက မော်ဒယ်အသစ် မထွက်တာ ဖြစ်ပါတယ်။
အခုဆိုရင် ပေါက်ကြားထွက်လာတဲ့ သတင်းနဲ့ ပုံအရ AirPods Pro ကတော့ ထွက်ရှိဖို့ နီးလာပါပြီ။
Apple ထုတ်ကုန်သစ် သတင်းတွေ ဖော်ထုတ်သူတစ်ဦးကတော့ AirPods Pro မော်ဒယ် ၂ မျိုးထဲက တစ်မျိုးရဲ့ အတွင်းပိုင်းကို ဖော်ပြထားတဲ့ပုံကို Twitter မှာတင်ထားပါတယ်။
Twitter သုံးစွဲသူ Mr. White ဖော်ပြချက်အရ AirPods Pro ကတော့ မတူညီတဲ့ အရွယ် ၂ မျိုးနဲ့ ထွက်လာပါမယ်။ မော်ဒယ် ၂ မျိုးစလုံးမှာတော့ W2 ချစ်ပ်ပါဝင်လာပါတယ်။
Patently Apple ကတော့ AirPods မူပိုင်ခွင့် ပုံတစ်ခုကို ဝေမျှခဲ့ပါတယ်။ အဲဒီ AirPods မှာ body input ပါဝင်တယ်လို့ Apple ကဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ မျက်နှာကို ထိတွေ့တာနဲ့ သွားကြိတ်တာ စတဲ့ အပြုအမူနဲ့ AirPods အသစ် လုပ်ဆောင်ချက်တွေကို စေခိုင်းနိုင်ပါတယ်။
-စိုးထက်
Ref: Creativebloq
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««