AirPods လို နားကြပ်တစ်မျိုး HTC ဖန်တီးနေ

HTC ဟာ Apple ရဲ့ AirPods ဒီဇိုင်းကို ယူပြီး “HTC U Ear” နားကြပ်သစ်ကို ဖန်တီးနေဖွယ်ရှိပါတယ်။ HTC U Ear နားကြပ်ပုံတွေကို Android Police ကဖော်ပြခဲ့ပါတယ်။

HTC U Ear နားကြပ် ဒီဇိုင်းက အနက်ရောင် AirPods နဲ့ တော်တော်ဆင်ပါတယ်။ နားကြပ်ရဲ့ portion နဲ့ stem ကလည်း AirPods နဲ့ဆင်ပါတယ်။ ကွာခြားတာက charging pin တွေကတော့ ရှေ့ဘက်မှာ ပါဝင်လာတာ ဖြစ်ပါတယ်။

HTC U Ear ရဲ့ charging case ကတော့ AirPods Charging Case နဲ့ဆင်ပေမယ့် Powerbeats Pro case လိုမျိုး ကျယ်ဝန်းပါတယ်။ USB-A ကနေ USB-C ကြိုး ပါဝင်လာဖွယ်ရှိပါတယ်။

စိုးထက်
Ref: Macrumors