
Apple ကနေ AirPods ကို iphone နဲ့ ပထမဆုံး ချိတ်ဆက်အသုံးပြုလိုက်တာနဲ့ ပုံသေ နာမည်တစ်ခုကို သတ်မှတ်ပေးထားလိုက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိအနေနဲ့ ပုံသေနာမည်ကို မိမိစိတ်ကြိုက်အနေနဲ့ ပြောင်းလဲသတ်မှတ်နိုင်ပါတယ်။
အဲလိုပြောင်းလဲဖို့အတွက် အရင်ဆုံး ဖုန်းထဲက Settings ကို နှိပ်ပြီး Settings စနစ်ထဲကို သွားလိုက်ပါ။
Settings စနစ်ထဲကို ရောက်သွားရင်တော့ Bluetooth စနစ်ထဲကို ထပ်ဝင်ပေးပါ။
Bluetooth စနစ်ထဲရောက်သွားရင်တော့ Name ဆိုတဲ့ စာသားဘေးနားက AirPods ဆိုတဲ့ စာသားကို ထပ်နှိပ်လိုက်ပါ။
အဲလိုနှိပ်လိုက်ရင်တော့ မိမိထည့်သွင်းချင်တဲ့ စာသား ထပ်မံ ထည့်သွင်းနိုင်မယ့်ပုံစံ ပြောင်းသွားမှာဖြစ်ပြီး မိမိနှစ်သက်ရာအမည်ကို ပြောင်းလဲပေးလိုက်ပါ။
နှစ်သက်တဲ့အမည်ထည့်ပြီးရင်တော့ ပြန်ထွက်တဲ့သင်္ကေတ ( < ) ကို နှိပ်ကာ ပြန်ထွက်လိုက်ပါ။
ဒါဆိုရင်တော့ AirPods နဲ့ ချိတ်ဆက်အသုံးပြုတိုင်း မိမိပြောင်းလဲထားတဲ့ နာမည်နဲ့ အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။
-သီဟ