Airbnb တြဲဖက္တည္ေထာင္သူ တစ္ဦးျဖစ္တဲ့ ဂ်ိဳးဂတ္ဘီယာ

[ Zawgyi ]

ဂ်ိဳးဆက္ဇ္ဂ်ိဳးဂတ္ဘီယာဂ်ဴနီယာကုိ ၁၉၈၁ ခုႏွစ္၊ ၾသဂုတ္လ ၂၁ ရက္၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ အတၱလန္တာၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ သူဟာ အေမရိကန္ႏိုင္ငံသား ဒီဇိုင္နာနဲ႔ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ တစ္ဦးျဖစ္ပါတယ္။ Airbnb ကုိ တြဲဖက္တည္ေထာင္ခဲ့သူ တစ္ဦးျဖစ္သလို ထုတ္ကုန္ပုိင္းဆိုင္ရာ အႀကီးအကဲအရာရွိလည္း ျဖစ္ပါတယ္။ ၂၀၀၉ ခုႏွစ္မွာေတာ့ ဂတ္ဘီယာဟာ BusinessWeek ရဲ႕ အေကာင္းဆုံး ထိပ္တန္းလူငယ္ နည္းပညာစြန္႔ဦးတီထြင္လုပ္ငန္းရွင္ ၂၀ စာရင္းမွာ ပါဝင္လာပါတယ္။ ၂၀၁၀ ခုႏွစ္မွာေတာ့ Inc.Magazine ရဲ႕ Thirty under Thirty နဲ႔ ၂၀၁၃ ခုႏွစ္မွာေတာ့ Fortune Magazine ရဲ႕ Forty-under-Forty မွာလည္း ပါဝင္ခဲ့ပါတယ္။

ဂ်ိဳးဂတ္ဘီယာအေနနဲ႔ ေဂ်ာဂ်ီယာျပည္နယ္၊ ဂြင္နက္ေကာင္တီ၊ ဆနဲဗီးလ္ၿမိဳ႕က အထက္တန္းေက်ာင္းကုိ တက္ေရာက္ခဲ့ပါတယ္။ ၂၀၀၅ ခုႏွစ္မွာေတာ့ ႐ုတ္အိုင္းလန္ျပည္နယ္၊ ပ႐ုိဗင့္ၿမိဳ႕က Rhode Island School of Design က ဘြဲ႕ရရွိခဲ့ပါတယ္။ Graphic Design နဲ႔ စက္မႈဒီဇိုင္းဘာသာရပ္နဲ႔ Fined Arts ဘြဲ႕ဒီဂရီကုိ ရရွိခဲ့ပါတယ္။ အဲဒီ ဒီဇိုင္းေက်ာင္းမွာ ဘ႐ိုင္ယန္ခ်က္စကီးနဲ႔ ေတြ႕ဆုံခဲ့ၿပီး Airbnb ကို တည္ေထာင္ခဲ့ပါတယ္။ ဂ်ိဳးဂတ္ဘီယာဟာ ဘေရာင္းတကၠသုိလ္နဲ႔ MIT မွာစီးပြားေရးလုပ္ငန္း သင္ခန္းစာကုိ သင္ယူခဲ့ပါေသးတယ္။
ဂ်ိဳးဂတ္ဘီယာဟာ ၂၀၁၇ ခုႏွစ္၊ ေမလမွာ Neighborhood လို႔ အမည္ရတဲ့ ပရိေဘာဂလုပ္ငန္းတစ္ခုကုိ တည္ေထာင္ခဲ့ပါတယ္။ အဲဒီ
ပရိေဘာဂေတြကို မ်ိဳးဆက္သစ္ဒီဇိုင္နာေတြနဲ႔ လုပ္ကုိင္ေနတဲ့ Bernhardt Design ကုမၸဏီက ဒီဇိုင္းဆြဲထားပါတယ္။

ဂ်ိဳးဂတ္ဘီယာဟာ Rhode Island School of Design (RISD) ရဲ႕ယုံၾကည္အားထားရတဲ့ ဘုတ္အဖြဲ႕ဝင္တစ္ဦး ျဖစ္ပါတယ္။ ၂၀၁၄
ခုႏွစ္မွာေတာ့ ေဒၚလာ ၅၀,၀၀၀ စေကာလားရွစ္နဲ႔ ရန္ပုံေငြထူေထာင္ဖို႔ RISD ကိုေဒၚလာ ၃၀၀,၀၀၀ လွဴဒါန္းခဲ့ပါတယ္။ ၂၀၁၆ခုႏွစ္ ဇြန္လမွာ ေတာ့ ဂ်ိဳးဂတ္ဘီယာအေနနဲ႔ ဝါးရင္းဘတ္ဖက္နဲ႔ ဘီလ္ဂိတ္စ္တို႔နဲ႔ The Giving Pledge မွာပါဝင္ခဲ့ပါတယ္။ အဲဒီအဖြဲ႕မွာ စည္းစိမ္ခ်မ္းသာေတာ္ေတာ္မ်ားမ်ားကုိ လွဴဒါန္းဖုိ႔ ရည္ရြယ္ထားတဲ့ ဘီလ်ံနာေတြ ပါဝင္လာပါတယ္။ အခုဆိုရင္ ဂ်ိဳးဂတ္ဘီယာဟာ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ဖရန္စစၥကိုၿမိဳ႕မွာ ေနထုိင္ပါတယ္။

-စိုးထက္
Ref: Wikipedia

[ Unicode ]

ဂျိုးဆက်ဇ်ဂျိုးဂတ်ဘီယာဂျူနီယာကို ၁၉၈၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံသား ဒီဇိုင်နာနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။ Airbnb ကို တွဲဖက်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်သလို ထုတ်ကုန်ပိုင်းဆိုင်ရာ အကြီးအကဲအရာရှိလည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ဂတ်ဘီယာဟာ BusinessWeek ရဲ့ အကောင်းဆုံး ထိပ်တန်းလူငယ် နည်းပညာစွန့်ဦးတီထွင်လုပ်ငန်းရှင် ၂၀ စာရင်းမှာ ပါဝင်လာပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ Inc.Magazine ရဲ့ Thirty under Thirty နဲ့ ၂၀၁၃ ခုနှစ်မှာတော့ Fortune Magazine ရဲ့ Forty-under-Forty မှာလည်း ပါဝင်ခဲ့ပါတယ်။

ဂျိုးဂတ်ဘီယာအနေနဲ့ ဂျောဂျီယာပြည်နယ်၊ ဂွင်နက်ကောင်တီ၊ ဆနဲဗီးလ်မြို့က အထက်တန်းကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ ရုတ်အိုင်းလန်ပြည်နယ်၊ ပရိုဗင့်မြို့က Rhode Island School of Design က ဘွဲ့ရရှိခဲ့ပါတယ်။ Graphic Design နဲ့ စက်မှုဒီဇိုင်းဘာသာရပ်နဲ့ Fined Arts ဘွဲ့ဒီဂရီကို ရရှိခဲ့ပါတယ်။ အဲဒီ ဒီဇိုင်းကျောင်းမှာ ဘရိုင်ယန်ချက်စကီးနဲ့ တွေ့ဆုံခဲ့ပြီး Airbnb ကို တည်ထောင်ခဲ့ပါတယ်။ ဂျိုးဂတ်ဘီယာဟာ ဘရောင်းတက္ကသိုလ်နဲ့ MIT မှာစီးပွားရေးလုပ်ငန်း သင်ခန်းစာကို သင်ယူခဲ့ပါသေးတယ်။
ဂျိုးဂတ်ဘီယာဟာ ၂၀၁၇ ခုနှစ်၊ မေလမှာ Neighborhood လို့ အမည်ရတဲ့ ပရိဘောဂလုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲဒီ
ပရိဘောဂတွေကို မျိုးဆက်သစ်ဒီဇိုင်နာတွေနဲ့ လုပ်ကိုင်နေတဲ့ Bernhardt Design ကုမ္ပဏီက ဒီဇိုင်းဆွဲထားပါတယ်။

ဂျိုးဂတ်ဘီယာဟာ Rhode Island School of Design (RISD) ရဲ့ယုံကြည်အားထားရတဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၄
ခုနှစ်မှာတော့ ဒေါ်လာ ၅၀,၀၀၀ စကောလားရှစ်နဲ့ ရန်ပုံငွေထူထောင်ဖို့ RISD ကိုဒေါ်လာ ၃၀၀,၀၀၀ လှူဒါန်းခဲ့ပါတယ်။ ၂၀၁၆ခုနှစ် ဇွန်လမှာ တော့ ဂျိုးဂတ်ဘီယာအနေနဲ့ ဝါးရင်းဘတ်ဖက်နဲ့ ဘီလ်ဂိတ်စ်တို့နဲ့ The Giving Pledge မှာပါဝင်ခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ စည်းစိမ်ချမ်းသာတော်တော်များများကို လှူဒါန်းဖို့ ရည်ရွယ်ထားတဲ့ ဘီလျံနာတွေ ပါဝင်လာပါတယ်။ အခုဆိုရင် ဂျိုးဂတ်ဘီယာဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ နေထိုင်ပါတယ်။

-စိုးထက်
Ref: Wikipedia