Air KBZ နှင့် MAI လေကြောင်းလိုင်း လေယာဉ်လက်မှတ်များကို Mobile App ပေါ်မှတစ်ဆင့် ၀ယ်ယူနိုင်မည်

[ Zawgyi ]


လေယာဉ်လက်မှတ်တွေကို Air KBZ & MAI အမည်ရှိ အက်ပလီကေးရှင်းမှတစ်ဆင့် ၀ယ်ယူနိုင်မှာဖြစ်ပြီး အဆိုပါ အက်ပလီကေးရှင်းကို Android နဲ့ iOS ဖုန်းနှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မယ်လို့ MAI လေကြောင်းလိုင်း ဈေးကွက်ဌာနတာဝန်ရှိသူ ဒေါ်ဥာဏ်ဥာဏ်မျိုးက ပြောပါတယ်။


-ဝေဝေ

[ Unicode ]

Air KBZ နဲ့ MAI လေကြောင်းလိုင်း လေယာဉ်လက်မှတ်တွေကို Mobile App ပေါ်မှတစ်ဆင့် ၀ယ်ယူနိုင်ပြီ ဖြစ်တယ်လို့သိရပါတယ်။

လေယာဉ်လက်မှတ်တွေကို Air KBZ & MAI အမည်ရှိ အက်ပလီကေးရှင်းမှတစ်ဆင့် ၀ယ်ယူနိုင်မှာဖြစ်ပြီး အဆိုပါ အက်ပလီကေးရှင်းကို Android နဲ့ iOS ဖုန်းနှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မယ်လို့ MAI လေကြောင်းလိုင်း စျေးကွက်ဌာနတာဝန်ရှိသူ ဒေါ်ဉာဏ်ဉာဏ်မျိုးက ပြောပါတယ်။

အဆိုပါ အက်ပလီကေးရှင်းတွင် Air KBZ နဲ့ MAI လေကြောင်းလိုင်း ပျံသန်းပြေးဆွဲတဲ့ ခရီးစဉ်အားလုံးအတွက် လက်မှတ်များကို Mster ကတ်၊ Visa ကတ် ၊ JCB ကတ် ၊ MPU ကတ်များနဲ့ တိုက်ရိုက်ငွေပေးချေကာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ လေယာဉ်လက်မှတ်ကို အွန်လိုင်းပေါ်မှ ၀ယ်ယူရာတွင် အက်ပလီကေးရှင်းပေါ်မှသာမက ဖေ့စ်ဘွတ်ပေါ်ရှိ K7chat အမည်ရှိစာမျက်နှာရဲ့ Chatbot မှလည်း ၀ယ်ယူနိုင်မယ်လို့သိရပါတယ်။