AI Quad ကင်မရာစနစ်ထောက်ပံ့ပါဝင်တဲ့ realme 5 စီးရီးစမတ်ဖုန်းသစ်များကို ပြည်တွင်းမှာမိတ်ဆက်

၁၁၉ ဒီဂရီမြင်ကွင်းကျယ် Ultra wide-angle ကင်မရာနဲ့ Ultra Macro ကင်မရာ အပါအဝင် ကျောဘက်မှာ AI ကင်မရာ လေးလုံးဖြစ်တဲ့ AI Quad ကင်မရာစနစ် ထောက်ပံ့ပါဝင်တဲ့ realme 5 စီးရီး reamlme 5 Pro နဲ့ realme 5 မော်ဒယ်သစ်စမတ်ဖုန်းတွေကို ပြည်တွင်းစျေးကွက်မှာ စတင်ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။

Realme 5 Pro မှာ ၆.၃ လက်မရှိတဲ့ Full HD+ Dewdrop Full Screen Display ပါရှိပြီး နောက်ဘက်ကာဗာကတော့ 3D ရောင်ပြန်စိန်ပွင့်ပုံစံ ဖြစ်ပါတယ်။ Qualcomm Snapdragon 712 CPU နဲ့ တတိယမျိုးဆက် AI အင်ဂျင်စွမ်းဆောင်ရည် ဖြစ်တဲ့ Adreno 616 GPU စနစ်တွေ ပါဝင်ပါတယ်။ ကျောဘက်မှာ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP Ultra wide-angle ကင်မရာ + 48MP Sony IMX586 ကင်မရာ + 2MP Portrait ကင်မရာ + 2MP Ultra Macro ကင်မရာတွေ တပ်ဆင်ထားပြီး ရှေ့ဘက် Selfie ကင်မရာကတော့ 16MP Sony IMX471 AI ကင်မရာကို တပ်ဆင်ထားတာဖြစ်ပါတယ်။ Android 9,0 အခြေခံထားတဲ့ Color OS 6.0 ကို ထည့်သွင်းထားပြီး ဘက်ထရီ 4035mAh ပါဝင်ကာ ဘက်ထရီစနစ်မှာ အားသွင်းမြန်ဆန်တဲ့ VOOC 3.0 နည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။ အရောင်အနေနဲ့ ခရစ်စတယ်စိမ်းနဲ့ စပါကလင်ပြာဆိုပြီး အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

Realme 5 ကတော့ ၆.၅ လက်မရှိတဲ့ Full HD+ Mini-drop Full Screen Display ပါရှိပြီး နောက်ဘက်ကာဗာကတော့ 3D ရောင်ပြန်စိန်ပွင့်ပုံစံ ဖြစ်ပါတယ်။ Qualcomm Snapdragon 665 CPU နဲ့ တတိယမျိုးဆက် AI အင်ဂျင်စွမ်းဆောင်ရည် ဖြစ်တဲ့ Adreno 616 GPU စနစ်တွေ ပါဝင်ပါတယ်။ ကျောဘက်မှာ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP Ultra wide-angle ကင်မရာ + 12MP ကင်မရာ + 2MP Portrait ကင်မရာ + 2MP Ultra Macro ကင်မရာတွေ တပ်ဆင်ထားပြီး ရှေ့ဘက် Selfie ကင်မရာကတော့ 13MP AI ကင်မရာကို တပ်ဆင်ထားတာဖြစ်ပါတယ်။ Android 9,0 အခြေခံထားတဲ့ Color OS 6.0 ကို ထည့်သွင်းထားပြီး ဘက်ထရီ 5000mAh ပါဝင်ပါတယ်။ အရောင်အနေနဲ့ ခရစ်စတယ်ခရမ်းနဲ့ စပါကလင်ပြာဆိုပြီး အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

realme 5 Pro ရဲ့ 4+128GB အမျိုးအစားကို ၃၃၉,၉၀၀ ကျပ်၊ 8+128GB အမျိုးအစားကို ၃၉၉,၉ဝဝ ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး realme 5 ရဲ့ 4+128GB အမျိုးအစားကို ၂၇၉,၉၀၀ ကျပ်၊ 3+32GB အမျိုးအစားကို ၂၂၉,၉ဝဝ ကျပ်နဲ့ ရောင်းချသွားမယ်လို့သိရပါတယ်။ realme Pro 5 ကို အောက်တိုဘာ ၂၅ ရက်မှာ ပြည်တွင်းစျေးကွက်မှာ စတင် ဝယ်ယူနိုင်မှာဖြစ်ပြီး realme 5 ကိုတော့ အောက်တိုဘာ ၂၅ ရက်နောက်ပိုင်းမှာမှ ပြည်တွင်းစျေးကွက်မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကြိုတင်မှာယူလိုသူတွေ အနေနဲ့ အောက်တိုဘာ ၁၈ ရက်မှ စတင် မှာယူနိုင်မယ်လို့လည်း သိရပါတယ်။

-ရဲထွဋ်ဝင်း