AI MACRO TRIPLE ကင်မရာတို့ ပါဝင်သည့် VIVO Y20 စမတ်ဖုန်းကို စတင်မိတ်ဆက်

Vivo မှ Y စီးရီး နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်တဲ့ Y20 ကို မြန်မာပြည်စျေးကွက်ကို စတင် မိတ်ဆက်လိုက်ပါတယ်။

Y20 စမတ်ဖုန်းမှာ 5000mAh ဘက်ထရီကို ထည့်သွင်း တပ်ဆင်ပေးထားပြီး နောက်ကျောဘက် ကင်မရာစနစ်မှာ AI Macro Triple ကင်မရာ (13MP + 2MP + 2MP) တပ်ဆင်ပေးထားသလို အသေးစိတ် ရိုက်ကူးပေးနိုင်တဲ့ macro , bokeh ကင်မရာလုပ်ဆောင်ချက်တွေနဲ့ Selfie စွမ်းဆောင်ရည်တွေလည်း ပါဝင်ပါတယ်။ ဘက်ထရီသက်တမ်း ကြာရှည်သလို reverse charging လုပ်ဆောင်ချက် ပါဝင်တဲ့ AI သုံး ဘက်ထရီပါဝါ ချွေတာမှုစနစ်လည်း ပါဝင်ပါတယ်။ ဖုန်းဖွင့်ခြင်းကိုလည်း စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင်ပါတယ်။ Obsidian Black နဲ့ Dawn White အရောင် (၂) မျိုးနဲ့ ထုတ်လုပ်ထားတဲ့အတွက် နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

မျက်စိထိခိုက်မှုကို ကာကွယ်ပေးသော နည်းပညာ ပါ၀င်တဲ့ ၆.၅၁ လက်မအရွယ် Halo Display မျက်နှာပြင်ကို တပ်ဆင်ပေးထားသလို စွမ်းဆောင်ရည်မြင့်မားတဲ့ Qualcomm Snapdragon ပရော်ဆက်ဆာ၊ 3GB RAM နဲ့ storage အတွက် 64 GB (microSD ကဒ်ဖြင့် 256GB အထိတိုးချဲ့နိုင်) ပံ့ပိုးတပ်ဆင် ပေးထားပါတယ်။ ဒါ့အပြင် Ultra Game Mode လုပ်ဆောင်ချက်နဲ့ အဆင့်မြင့် ဂိမ်းတွေဆော့ကစားခြင်းကို ပြတ်တောက်မှုမရှိစေဘဲ စိတ်တိုင်းကျ ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။ တန်ဖိုးက ၂၂၉,၈၀၀ ကျပ်ဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««