AI Camera သုံးလုံး ပါဝင်သည့် တန်ဖိုးသင့် OPPO A31 စမတ်ဖုန်းကို ပြည်တွင်းစျေးကွက်သို့ မိတ်ဆက်

OPPO မှ AI Camera သုံးလုံးပါဝင်တဲ့ OPPO A31 ကို ပြည်တွင်းစျေးကွက်ကို စတင်မိတ်ဆက်လိုက်ပါတယ်။

OPPO A31 စမတ်ဖုန်းမှာ Screen-to-body Ratio ၈၉ ရာခိုင်နှုန်းရှိတဲ့ ၆.၅ လက်မအရွယ် Waterdrop Screen ပါရှိပြီး Display Resolution က 1600 × 720 (HD+) ဖြစ်ပါတယ်။ Eye Protection Mode ပါဝင်တဲ့အတွက် မျက်လုံးကို အန္တရာယ်ဖြစ်စေတဲ့ အလင်းတန်းများမှ ကာကွယ်ပေးပြီး ဖုန်း Screen ကို တစ်နေကုန် စိတ်ကြိုက်ကြည့်နိုင်မယ်လို့ သိရပါတယ်။ 4 GB RAM + 128 GB ROM နဲ့ဖြစ်ပါတယ်။ 4230mAh Battery ထည့်သွင်းအသုံးပြုထားသလို MediaTek P35 ရဲ့ 2.3GHz Octa-core Processor ထောက်ပံ့ပေးထားပါတယ်။ OPPO A31 မှာ Rear Fingerprint Scanner, Facial Unlock, Smart Assistant, Smart Sidebar စတဲ့ အသစ်သစ်သော လုပ်ဆောင်မှုတွေပါ၀င်တဲ့ ColorOS 6.1 System ကို အသုံးပြုထားပါတယ်။

ကျောဘက်အခြမ်း အတွက် 12MP Main Camera, 2MP Depth Camera, 2MP Macro Lens (၃) လုံးကို တပ်ဆင်အသုံးပြုထားပြီး စကရင်ဘက်အခြမ်းမှာ 8MP Front AI Beautification Camera ပါဝင်ပါတယ်။ OPPO A31 ကို Fantasy White နဲ့ Mystery Black အရောင်နှစ်မျိုး ရရှိနိုင်ပြီး မတ် ၂၅ ရက်မှ စတင်ကာ ၂၄၉,၉၀၀ ကျပ် နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

-အောင်သူ