AI benchmark မှာသရဖူဆောင်းနိုင်ခဲ့တဲ့ Huawei Mate 40

Huawei ကတော့ Mate 40 Pro ဖုန်းကို Mate 40, Mate 40 Pro+ နဲ့ Porsche Design Mate 40 RS တို့နဲ့အတူ မိတ်ဆက်ထားပါတယ်။ Mate 40 Pro ကိုတော့ AI Benchmark နဲ့စမ်းသပ်ကြည့်ရာမှာ ထိပ်တန်းအဆင့်ကို ရရှိခဲ့ပါတယ်။

Mate 40 Pro ရဲ့ ကျောဘက်နဲ့ ရှေ့ကင်မရာတွေက DxOMark စမတ်ဖုန်း ကင်မရာအဆင့်မှာ ထိပ်ဆုံးနေရာကို ရယူထားပါတယ်။ ဒါ့အပြင် AI Benchmark စနစ်မှာလည်း Kirin 9000 chipset ကြောင့် အကောင်းဆုံးဖုန်း အဖြစ် သတ်မှတ်ခံရပါတယ်။

Mate 40 Pro ကတော့ အမှတ်ပေါင်း ၂၁၆.၆ မှတ် ရရှိခဲ့ပြီး အနီးဆုံးပြိုင်ဘက် Xiaomi Redmi K30 Ultra ကို ဖြတ်ကျော်ခဲ့ပါတယ်။ MediaTek Dimensity 1000+ ပါဝင်တဲ့ Xiaomi Redmi K30 Ultra ကတော့ ၁၃၆.၃ မှတ် ရခဲ့ပါတယ်။ ဒါ့အပြင် Dimensity 1000+ ပါဝင်တဲ့ vivo iQOO Z1 ကတော့ ၁၃၃ မှတ်နဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««