AI အသံုးျပဳၿပီး သဒၵါအမွားေတြကို ျပင္ဆင္ေပးမယ့္ Google Docs

[ Zawgyi ]

Google ဟာ Early Adopter Program အစီအစဥ္မွာပါဝင္တဲ့ သုံးစြဲသူေတြအတြက္ Docs မွာ သဒၵါအမွားျပင္ဆင္ေပးတဲ့ အႀကံျပဳခ်က္ေတြကုိ မိတ္ဆက္ခဲ့ပါတယ္။

Google အေနနဲ႔ Docs ထဲက ဝါက်ခြဲအပါအဝင္ ဝါက်တည္ေဆာက္မႈထဲက အႀကီးမားဆုံး ျပႆနာျဖစ္တဲ့ အေျခခံသဒၵါအမွားေတြကေန အရာအားလုံးကို ေျခရာခံဖို႔ machine translation ကုိ အသုံးျပဳထားပါတယ္။ သဒၵါစစ္ေဆးမႈကို အခ်ိန္နဲ႔အမွ် အကူအညီ ေပးသြားမွာျဖစ္ၿပီး ႐ႈပ္ေထြးတဲ့ ျပႆနာေတြကုိလည္း ေျဖရွင္းေပးလာႏိုင္မွာ ျဖစ္ပါတယ္။

Google အေနနဲ႔ လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္း G Suite အတြင္းက Hangouts chat ေတြမွာ Smart Reply ေတြ ထည့္သြင္းသြားမယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ Gmail ရဲ႕ Smart Compose ကိုလည္း အားလုံးက အသုံးျပဳႏိုင္ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ G Suite သုံးစြဲသူေတြအေနနဲ႔ လုပ္ထုံးလုပ္နည္းေတြကို ေက်ာ္လႊားဖုိ႔ autocomplete ကို အသုံးျပဳႏိုင္ၿပီး အေရးပါတဲ့ အီးေမးလ္ အေၾကာင္းအရာေတြကုိ အာ႐ုံစိုက္လာႏိုင္မွာ ျဖစ္ပါတယ္။

စိုးထက္
Ref: Engadget

[ Unicode ]

Google ဟာ Early Adopter Program အစီအစဉ်မှာပါဝင်တဲ့ သုံးစွဲသူတွေအတွက် Docs မှာ သဒ္ဒါအမှားပြင်ဆင်ပေးတဲ့ အကြံပြုချက်တွေကို မိတ်ဆက်ခဲ့ပါတယ်။

Google အနေနဲ့ Docs ထဲက ဝါကျခွဲအပါအဝင် ဝါကျတည်ဆောက်မှုထဲက အကြီးမားဆုံး ပြဿနာဖြစ်တဲ့ အခြေခံသဒ္ဒါအမှားတွေကနေ အရာအားလုံးကို ခြေရာခံဖို့ machine translation ကို အသုံးပြုထားပါတယ်။ သဒ္ဒါစစ်ဆေးမှုကို အချိန်နဲ့အမျှ အကူအညီ ပေးသွားမှာဖြစ်ပြီး ရှုပ်ထွေးတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးလာနိုင်မှာ ဖြစ်ပါတယ်။

Google အနေနဲ့ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း G Suite အတွင်းက Hangouts chat တွေမှာ Smart Reply တွေ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Gmail ရဲ့ Smart Compose ကိုလည်း အားလုံးက အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် G Suite သုံးစွဲသူတွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွှားဖို့ autocomplete ကို အသုံးပြုနိုင်ပြီး အရေးပါတဲ့ အီးမေးလ် အကြောင်းအရာတွေကို အာရုံစိုက်လာနိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: Engadget