AI လက္နက္ေတြကို စြန္႔လႊတ္လိုက္တဲ့ Google

[ Zawgyi ]

Google အေနနဲ႔ ထိခိုက္နစ္နာမႈကို ျဖစ္ေစတဲ့ လက္နက္ေတြအတြက္ စြမ္းရည္ျမင့္ artificial intelligence အျပင္ တရားမဝင္ ေလ့လာေစာင့္ၾကည့္မႈနဲ႔ နည္းပညာေတြကုိ အသုံးမျပဳဖုိ႔ ကတိရွိေပမယ့္လည္း အျခားက႑ေတြမွာ စစ္တပ္နဲ႔အတူ ဆက္လက္ ပူးေပါင္းလုပ္ကုိင္သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ Google ရဲ႕ cloud လုပ္ငန္းကို အက်ိဳးရွိတဲ့ အစိုးရလုပ္ငန္းေတြမွာ အသုံးခ်သြားဖို႔ ရွိပါတယ္။

Alphabet Inc. ရဲ႕ Google အမႈေဆာင္အရာရွိခ်ဳပ္ ဆန္းဒါပီခ်ိဳင္းက ဝန္ထမ္းေထာင္ေပါင္းမ်ားစြာ အုံၾကြမႈအၿပီး ဇြန္လ ၇ ရက္၊ ၾကာသပေတးေန႔က အေျခခံစည္းမ်ဥ္းေတြကုိ ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီအေျခခံစည္းမ်ဥ္းေတြက Google က AI သုေတသန ဘယ္လိုလုပ္တာအျပင္ software tool ေတြၿပီးေျမာက္ေအာင္ဖန္တီးတာနဲ႔ အလုပ္တခ်ိဳ႕မွာ ေရွာင္လႊဲရမယ့္ အရာအတြက္ ခိုင္မာတဲ့ စံသတ္မွတ္ခ်က္ေတြကို သတ္မွတ္ေပးပါတယ္လို႔ ပီခ်ိဳင္းက blog post မွာေျပာခဲ့ပါတယ္။

“AI ကုိ ဘယ္လိုဖန္တီး အသုံးျပဳမယ္ဆိုတာ လာမယ့္အခ်ိန္ေတြမွာ ႏွစ္ေပါင္းမ်ားစြာတိုင္တုိင္ လူ႕အဖြဲ႕အစည္းေပၚ ထူးျခားတဲ့ သက္ေရာက္မႈရွိလာမွာပါ။ AI က႑က ေခါင္းေဆာင္တစ္ဦး အေနနဲ႔ မွန္ကန္ေအာင္ ျပဳလုပ္ဖုိ႔ အထူးတာဝန္တစ္ရပ္ျဖစ္တယ္လို႔ ခံစားရပါတယ္” လုိ႔ ပီခ်ိဳင္းကေရးသားခဲ့ပါတယ္။

Google အေနနဲ႔ ဒ႐ုန္းနဲ႔႐ိုက္ကူးထားတဲ့ ဗီဒီယိုေတြမွာ AI tool ေတြအသုံးျပဳမယ့္ ကာကြယ္ေရးဌာနအစီအစဥ္ Project Maven ကိုလုပ္ကုိင္မယ့္ ကုမၸဏီရဲ႕ ေဆာင္ရြက္ခ်က္အေပၚ ဝန္ထမ္းေတြက စိုးရိမ္ေနတဲ့အတြက္ အခုလို အေျခခံသေဘာတရား ၇ ခု ထြက္ေပၚလာတာျဖစ္ပါတယ္။ Google အေနနဲ႔ ၿပီးခဲ့တဲ့အပတ္မွာ အစိုးရနဲ႔ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္ဖ်က္သိမ္းဖို႔အတြက္ ကုမၸဏီ ဝန္ထမ္းေတြက ဖိအားေပး ဆႏၵျပခဲ့ၾကပါတယ္။ တကယ္လို႔ အခုအေျခခံသေဘာတရားေတြသာ ေစာေစာ ထြက္ရွိခဲ့မယ္ဆိုရင္ Project Maven ကို လုပ္ကုိင္မွာ မဟုတ္ဘူးလို႔ ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။

စိုးထက္
Ref: Bloomberg

[ Unicode ]

Google အနေနဲ့ ထိခိုက်နစ်နာမှုကို ဖြစ်စေတဲ့ လက်နက်တွေအတွက် စွမ်းရည်မြင့် artificial intelligence အပြင် တရားမဝင် လေ့လာစောင့်ကြည့်မှုနဲ့ နည်းပညာတွေကို အသုံးမပြုဖို့ ကတိရှိပေမယ့်လည်း အခြားကဏ္ဍတွေမှာ စစ်တပ်နဲ့အတူ ဆက်လက် ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ Google ရဲ့ cloud လုပ်ငန်းကို အကျိုးရှိတဲ့ အစိုးရလုပ်ငန်းတွေမှာ အသုံးချသွားဖို့ ရှိပါတယ်။

Alphabet Inc. ရဲ့ Google အမှုဆောင်အရာရှိချုပ် ဆန်းဒါပီချိုင်းက ဝန်ထမ်းထောင်ပေါင်းများစွာ အုံကြွမှုအပြီး ဇွန်လ ရ ရက်၊ ကြာသပတေးနေ့က အခြေခံစည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအခြေခံစည်းမျဉ်းတွေက Google က AI သုတေသန ဘယ်လိုလုပ်တာအပြင် software tool တွေပြီးမြောက်အောင်ဖန်တီးတာနဲ့ အလုပ်တချို့မှာ ရှောင်လွှဲရမယ့် အရာအတွက် ခိုင်မာတဲ့ စံသတ်မှတ်ချက်တွေကို သတ်မှတ်ပေးပါတယ်လို့ ပီချိုင်းက blog post မှာပြောခဲ့ပါတယ်။

“AI ကို ဘယ်လိုဖန်တီး အသုံးပြုမယ်ဆိုတာ လာမယ့်အချိန်တွေမှာ နှစ်ပေါင်းများစွာတိုင်တိုင် လူ့အဖွဲ့အစည်းပေါ် ထူးခြားတဲ့ သက်ရောက်မှုရှိလာမှာပါ။ AI ကဏ္ဍက ခေါင်းဆောင်တစ်ဦး အနေနဲ့ မှန်ကန်အောင် ပြုလုပ်ဖို့ အထူးတာဝန်တစ်ရပ်ဖြစ်တယ်လို့ ခံစားရပါတယ်” လို့ ပီချိုင်းကရေးသားခဲ့ပါတယ်။

Google အနေနဲ့ ဒရုန်းနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ AI tool တွေအသုံးပြုမယ့် ကာကွယ်ရေးဌာနအစီအစဉ် Project Maven ကိုလုပ်ကိုင်မယ့် ကုမ္ပဏီရဲ့ ဆောင်ရွက်ချက်အပေါ် ဝန်ထမ်းတွေက စိုးရိမ်နေတဲ့အတွက် အခုလို အခြေခံသဘောတရား ရ ခု ထွက်ပေါ်လာတာဖြစ်ပါတယ်။ Google အနေနဲ့ ပြီးခဲ့တဲ့အပတ်မှာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းဖို့အတွက် ကုမ္ပဏီ ဝန်ထမ်းတွေက ဖိအားပေး ဆန္ဒပြခဲ့ကြပါတယ်။ တကယ်လို့ အခုအခြေခံသဘောတရားတွေသာ စောစော ထွက်ရှိခဲ့မယ်ဆိုရင် Project Maven ကို လုပ်ကိုင်မှာ မဟုတ်ဘူးလို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: Bloomberg