AI နည်းပညာကို စစ်ဘက်တွင် လတ်တလော အသုံးချတီထွင်နေမှုများ

AI နည်းပညာကို စစ်ဘက်နှင့်အရပ်ဘက်တွင် မိမိတို့ရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည် ဖော်ခြင်းအား အထောက်အပံ့ပေးနိုင်ရန်အတွက် အမျိုးမျိုးတီထွင် အသုံးပြုလျက်ရှိကြပြီးဖြစ်ပါသည်။ ထိုသို့အသုံးပြုခြင်းများနှင့်ပတ်သက်၍ လတ်တလောလေ့ လာကြည့်ရာတွင် အင်အားကြီးနိုင်ငံ သုံးနိုင်ငံအနေဖြင့် AI နည်းပညာကို အသုံးပြုလျက်ဆောင် ရွက်နေကြသည်ကို တွေ့ရှိရပေသည်။ လတ်တလောလေ့လာ တွေ့ရှိချက်အရ အမေရိကန် ကြည်းတပ်အနေဖြင့် တာဝေးပစ်ခတ်ခြင်းကို ပိုမိုတိကျမှုရှိစေရန်အတွက် AI အသုံးပြုအမြောက် ကျည်ခွံစနစ်ကို တီထွင်ထုတ်လုပ်လျက်ရှိသည်ဟု သိရှိရပါသည်။ အဆိုပါကျည်ခွံကို Cannon-Delivered Area Effects Munition (C-DAEM) Shell ဟု အမည်ပေးထားပြီး ၎င်းသည်ပစ် မှတ်တည် နေရာညွှန်ပြခြင်းနှင့် ရွေ့လျားပစ်မှတ်များကို ချိန်ရွယ်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ယခုတီထွင်နေသည့် စနစ်ကိုကြည်းတပ်တွင် လက်ရှိအသုံးပြုနေသည့် Dual-purpose Improved Conventional Munition-DPICM ကျည်ခွံနေရာတွင် အစားထိုးအသုံးပြုမည် ဖြစ်သည်။

အမေရိကန် ကြည်းတပ်အနေဖြင့် AI အသုံးပြုဒုံးပျံများကို ထုတ်လုပ်နေခြင်း မဟုတ်သော်လည်း ၎င်းတို့အနေဖြင့်ပစ်မှတ်ကို ရွေးချယ်ရှာဖွေနိုင်မည် ဖြစ်သည်ဟုဆိုသည်။ အမေရိကန်ကြည်း တပ်သည် Cannon-Delivered Aးrea Effects Munition အစီအစဉ်အရ ၁၅၅ မမခဲယမ်းစနစ်ကို ထုတ်လုပ်သွားမည်ဖြစ်ပြီး ရွေ့လျားနေသည့် ကျည်ကာပစ်မှတ်များကို AI အသုံးပြုကျည်ခွံ တပ်ဆင်ထားသည့် ခဲယမ်းစနစ်များဖြင့် ချေမှုန်းနိုင်မည်ဖြစ်သည်ဟု ယခုအစီအစဉ်၏ဒုတိယ ပရောဂျက်ခေါင်းဆောင်ဖြစ်သူ Peter Burke က ဆိုသည်။ ခဲယမ်းကို ပစ်ခတ်လိုက်သည့်အခါ ခဲယမ်းပေါ်တွင် တပ်ဆင်ထားသည့် အာရုံခံစနစ်သည် ဧရိယာပတ်လည်ရှိ ပစ်မှတ်ကိုရှာဖွေပြီး နောက်၎င်းတည်နေရာကို ပြန်လည်သတင်းပို့မည်ဖြစ်ပြီး တိုက်ခိုက်မှု ပြုလုပ်မည်ဖြစ်သည်။ ယခုတီထွင်နေသည့်စနစ်ကို Raytheon Excalibur ၁၅၅ မမ အမြောက်ကျည်အပေါ်တွင် အခြေခံကာ အသုံးပြုမည်ဖြစ်ပြီး ထိုစနစ်တွင် တိကျမှုရှိစေရန်အတွက် GPS စနစ်ကို တပ်ဆင်အသုံးပြုထားပါသည်။ အမေရိကန် ကြည်းတပ်အနေဖြင့် ၂၀၁၈ ခုနှစ် ကတည်းကပင် အဆိုပါ ၁၅၅ မမ အမြောက်ကျည်ပေါင်း ၁၄၀၀ ကျော်ကို ပစ်ခတ်ခဲ့ပြီးဖြစ်သည်။ ယခုတီထွင်နေသည့် စနစ်သစ်အနေဖြင့် GPS အသုံးပြုနိုင်ခြင်းမရှိ သည့်၊ သို့မဟုတ် အီလက်ထရောနစ် နှောင့်ယှက်မှုပြုလုပ်ထားသည့် အခြေအနေမျိုးများတွင် ပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်မည်ဖြစ် သည်ဟုဆိုသည်။ ခဲယမ်းစနစ်သစ်သည် အကွာအဝေး ၆၀ ကီလို မီတာ ရောက်ရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ပစ်မှတ်ကို၂၈ စတုရန်းကီလိုမီတာ အကျယ်ထက် ရှာဖွေနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့သည်ပစ်မှတ်ဆီသို့ လေထီးဆင်းသကဲ့သို့ ဖြေးညင်းစွာဆင်းသက် လာသည့်အချိန်အတွင်း မြေပြင် တွင်ရှိနေသည့်ပစ်မှတ်ကို ခွဲခြမ်းစိတ်ဖြာခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ယခုတီထွင်မှုအစီအစဉ်သည် ၂၀၂၃ ခုနှစ်တွင် အဆုံးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။

တရုတ်နိုင်ငံအနေဖြင့်မူ အသိဉာဏ်တုနည်းပညာကို တိုက်ခိုက်ရေး ဒရုန်းများတွင် ပေါင်းစပ်လိုက် ခြင်းဖြင့်၎င်းတို့အနေဖြင့် ကိုယ်တိုင်ပျံသန်းမှုကို ဆောင်ရွက်စေမည်ဖြစ်သလို တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်လာစေရန်အတွက် ပစ်မှတ်များကိုခွဲခြားခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းများလည်း ပြုလုပ်လာနိုင်မည်ဖြစ်သည်ဟုဆိုသည်။ တရုတ်တပ်မတော်၏ စစ်ဘက်ဒရုန်းများ၏ အနာဂတ်နှင့်ပတ်သက်၍ Wing Loong ဒရုန်းအမျိုးအစားများ ထုတ်လုပ်ခြင်းဆိုင်ရာ ဒီဇိုင်းခေါင်းဆောင်ဖြစ်သူ Li Yidong က AI သည် အခြေခံနည်းပညာများစွာနှင့် ပတ်သက်၍ ကျယ်ပြန့်သည့် နယ်ပယ်ရှိပြီး အချို့သည်ဖွံ့ဖြိုးတိုးတက်နေဆဲပင်ဖြစ်သည်ဟု ဆိုသည်။ ကျွနု်ပ်တို့အနေဖြင့် မောင်း သူပါလေယာဉ်များကဲ့သို့ပင် အဆိုပါနည်းပညာများကို ဒရုန်းများအပေါ်တွင် အသုံးချနိုင်ရန်အတွက် လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟုလည်း ဆက်လက်ပြော ကြားခဲ့ပေသည်။

ယနေ့အချိန်အခါတွင် ဒရုန်းများကို မြေပြင်အခြေစိုက်စခန်းမှ အဝေးထိန်းစနစ်ဖြင့်ဖြစ်စေ၊ ကိုယ်တိုင်ထိန်းကျောင်း၍ဖြစ်စေ မောင်းနှင်အသုံးပြုလျက် ရှိကြပါသည်။ သို့သော် အီလက်ထရောနစ်စစ်ပွဲတွင် လှိုင်းနှုန်းများအနေဖြင့် ဆိုက်ဘာနှောင့်ယှက်တိုက်ခိုက်မှု ကြုံတွေ့နိုင်သည်ဖြစ်ရာ လေယာဉ်များအနေဖြင့်လည်း ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဆုံးရှုံးနိုင်ချေရှိသည်ဟု ဘေဂျင်းအခြေစိုက် စစ်ဘက်ကျွမ်းကျင်သူ ဖြစ်သူ Wei Dongxu က Global Times သတင်းဌာနသို့ ပြောကြားခဲ့ပေသည်။ သို့သော် AI အသုံးပြုဒရုန်းများသည် ထိုပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည်ဖြစ်သည်ဟုလည်း မှတ်ချက်ပေးခဲ့သည်။

တိုက်ခိုက်ရေးဒရုန်းစနစ်များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် AI စနစ်သည် အခြေခံကျကြောင်းလည်း Wei က ဆိုသည်။ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ရခြင်းသည် အကွာအဝေးပိုမိုလာသည့်အခါ အခက်အခဲရှိနိုင်သည်ဖြစ်ရာ ယခုကဲ့သို့ အလွန်လျင်မြန်စွာ ပြောင်းလဲနေတဲ့ တိုက်ပွဲအခြေအနေအတွင်း၌ ဒရုန်းများအနေဖြင့် လေကြောင်းစီးချင်းထိုး တိုက်ခိုက်ဖို့အတွက် ပိုမိုခက်ခဲ လွန်းသည်ဟုလည်း ၎င်းကဆိုသည်။ သို့သော် AI အသုံးပြုထားသည့် ဒရုန်းများအနေဖြင့် အချက်အလက်ရရှိမှု ကန့်သတ်ချက်ရှိနေစေလျှင်မူ ၎င်းတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်
ပင်တိုက်ခိုက်နိုင်မည်ဖြစ်သည်။ သို့သော် AI တီထွင်သူများအနေဖြင့် အဆိုပါဒရုန်းများအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေခြင်းအပေါ်ကို မဖြစ်မနေ ထည့်သွင်းဆောင်ရွက် ရမည်ဖြစ်ပါသည်။
နည်းပညာပိုင်းဆိုင်ရာအနေ ဖြင့် Hardware များ တီထွင်ထုတ် လုပ်မှုတွင် ဒရုန်းအတွင်းထည့် သွင်းအသုံးပြုနိုင်သည့် အရွယ်အ စားများ တိုးတက်တီထွင်ရန်လို အပ်သလိုတီထွင် ထုတ်လုပ်နေ သည့် ဒရုန်းများအနေဖြင့်လည်း တိုက်ခိုက်မှုစနစ် တစ်ခုလုံးတွင် တိုက်စွမ်းအားကို မြှင့်တင်ပေးနိုင် စေရန် အံဝင်ခွင်ကျမှုရှိမည်ဖြစ် သည်ဟု စစ်ဘက်ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ Li ကဆိုသည်။ Wing Loong အမျိုးအစား ဒ ရုန်းများကို အစိုးရပိုင် Aviation Industry Corporation of Chinas မှ တီထွင် ထုတ်လုပ်နေ ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ Wing Loong အမျိုးအစားများကို ပြည်ပနိုင်ငံများသို့ အစီးရေ ၁၀၀ တင်ပို့ ရောင်းချခဲ့ပြီးဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနက အစီရင်ခံထားပါသည်။ ၎င်းတို့အနေဖြင့် စစ်မြေပြင် တာဝန်ထမ်းဆောင်မှုတွင် လက်နက်ခဲယမ်း စနစ်ပေါင်း ၃၀၀၀ ကျော်ကို ပစ်ခတ်ခဲ့ပြီး တိကျမှုနှုန်းသည် ၉၀ ရာခိုင်နှုန်းရှိကြောင်းလည်း စီစီတီဗီသတင်းဌာနက အစီရင်ခံထားပေသည်။

အိန္ဒိယ တပ်မတော်အနေဖြင့်မူ စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုများမှ ပေးပို့လာသော ဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွင် AI စနစ်ကို အသုံးပြုနိုင်ရန် လုပ်ဆောင်နေသည်ဟု သိရှိရသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ နယ်မြေပိုင်နက်ကို ကောင်းစွာစိုးမိုးမှု ရှိစေရန်အတွက် မဟာဗျူဟာ မြောက်ကင်းထောက်ခြင်း၊ သို့မဟုတ် အလိုရှိသည့်နေရာကို လေ့လာလိုချင်းအတွက် ဂြိုဟ်တုစနစ်များစွာကို အသုံးပြုရလျက်ရှိပေသည်။ အိန္ဒိယတပ်မတော်အတွက် ဂြိုဟ်တုမှရရှိသော ပုံရိပ်များ၊ သို့မဟုတ် ကင်းထောက်လေယာဉ်များမှ ရရှိသော ဓာတ်ပုံများသည် အနာဂတ်အစီအစဉ်များ ချမှတ်ခြင်းအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယလေတပ်အနေဖြင့် အဆိုပါဓာတ်ပုံများကို ကြည့်ရှုလေ့လာဆန်းစစ်ကာ လိုအပ်သော လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ရသောကြောင့်ဖြစ်သည်။

ထိုသို့ဆောင်ရွက်မှုတွင် ခေါင်းဆောင်အနေဖြင့် ဆုံးဖြတ်ချက် ကောင်းစွာချနိုင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ပုံရိပ်များကိုသေချာတိကျစွာ လေ့လာဆန်းစစ်နိုင်မည့် AI နည်းပညာကို အသုံးပြုခြင်းဖြင့် ဆုံးဖြတ်ချက်များကို ကောင်းစွာအထောက် အပံ့ပေးနိုင်မည် ဖြစ်သည်။ အဆိုပါနည်းပညာကို ဂြိုဟ်တု ဓာတ်ပုံများကို လေ့လာဆန်းစစ်ခြင်းသာမက မောင်းသူမဲ့ ကင်းထောက်လေယာဉ်များမှ ရရှိလာသော ဓာတ်ပုံများနှင့် ဗီဒီယိုများကိုလည်း လေ့လာဆန်းစစ် ပေးနိုင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ AI နည်းပညာအသုံးပြုမှုသည် အရပ်ဘက်နည်းပညာတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်သလို စစ်ဘက်ဆိုင်ရာတွင် လည်း နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိပေ။ အသုံးပြုသည့် အခြေအနေသာ ပြောင်းလဲကွာခြား သွားနိုင်မည်သာ ဖြစ်သည်။ သို့သော် စစ်ဘက်အတွက် AI စနစ်အသုံးပြုမှုသည် လူကိုသေစေနိုင်သော လက်နက်နည်း ပညာများအပေါ်တွင် အခြေခံသည့်အတွက် တီထွင်အသုံးချနိုင်သူ အနေဖြင့် မိမိတပ်ဖွဲ့အတွက် အကျိုးရှိနိုင်သော်လည်း အခြားတပ်ဖွဲ့များအတွက် ခုခံကာကွယ်နိုင်ရန် မလွယ်ကူလှပေ။ ထို့ကြောင့်လည်း ကမ႓ာတဝန်းမှ တပ်မတော်များအနေဖြင့် AI
နည်းပညာကို အသုံးချနိုင်ရန် ကြိုးစားဆောင်ရွက်နေကြသည့်အပေါ် ရေးသားဖော်ပြလိုက်ရပါသည်။

-ကျော်လင်း (အမိမြေ)