AI စမတ်ဖုန်း အစစ်အမှန်ကို အောက်တိုဘာလတွင် တွေ့မြင်ရမည်ဟု Huawei ပြောကြား

Huawei ဟာ Facebook ပေါ်မှာ ဗီဒီယိုတစ်ခုတင်ပြီး Apple ကို သရော်ခဲ့ပါတယ်။ အဲ့ဒီ ဗီဒီယိုမှာ Apple ထုတ်ကုန်သစ် မိတ်ဆက်ပွဲအတွင်း iPhone X ရဲ့ facial recognition feature နှစ်ကြိမ် အလုပ်မလုပ်ခဲ့တဲ့ဖြစ်ရပ်ကို သရော်ထားပြီး ဗီဒီယိုရဲ့အဆုံးမှာ AI စမတ်ဖုန်း အစစ်အမှန်ကို အောက်တိုဘာ ၁၆ ရက်မှာ တွေ့မြင်ရမယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ စမတ်ဖုန်းတွေဟာ iPhone X အပြင် Samsung Galaxy Note 8 နဲ့ LG V30 တို့နဲ့ယှဉ်ပြိုင်မယ့် Mate 10 နဲ့ Mate 10 Pro phablet များ ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းကို Huawei က အတည်မပြုထားပေမဲ့ Mate 10 နဲ့ Mate 10 Pro ကို အောက်တိုဘာလ ၁၆ ရက်မှာ ပွဲထုတ်မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ ဒီ device နှစ်မျိုးစလုံးမှာ IFA 2017 မှာ ပွဲထုတ်မိတ်ဆက်ခဲ့ပြီး buit-in AI တွက်ချက်စနစ်တွေပါဝင်တဲ့ Kirin 970 chipset ကို အသုံးပြုထားပါတယ်။

ဒါပေမဲ့ Mate 10 နဲ့ Mate 10 Pro မှာ AI က ဘာအတွက်ပါဝင်လာမလဲဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

Huawei Mate 10 နဲ့ Mate 10 Pro မှာ ၆ လက်မ “full screen” display နဲ့ 2:1 aspect ration ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Essential Phone နဲ့ Xiaomi Mi Mix 2 တို့လို ဘောင်ပျောက်ဒီဇိုင်းတစ်ခု ပါဝင်လာဖွယ်ရှိပါတယ်။ ကောလာဟလသတင်းတွေကတော့ 6GB RAM, dual-camera setup နဲ့ 4,000mAh ဘက်ထရီပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။

-နောင်နောင်
Ref: AndroidAuthority