AI စနစ္သံုး Google News app သစ္ကို iOS အတြက္ ျဖန္႔ခ်ိ

[Zawgyi]

ၿပီးခဲ့တဲ့အပတ္က က်င္းပျပဳလုပ္ခဲ့တဲ့ I/O developer conference မွာ အသစ္မြမ္းမံျပင္ဆင္ထားၿပီး artificial intelligence (AI) သံုးထားတဲ့ Google News ကို လာမယ့္ ၇ ရက္အတြင္း Apple App Store ကေန ျဖန္႔ခ်ိသြားမယ္လို႔ Google က ေျပာၾကားခဲ့ပါတယ္။ အဲ့ဒီေနာက္ Google က ဒီကေန႔မွာ Google Play Newsstand app ေနရာ အစားထိုးသြားမယ့္ Google News app သစ္ကို iOS အတြက္ ျဖန္႔ခ်ိေပးလိုက္ပါတယ္။

Google News iOS app ကို ဒီကေန ရယူႏိုင္ပါတယ္။ Google News app သစ္ရဲ႕ Android ဗားရွင္းကိုေတာ့ ဒီေနရာကေန ရယူႏိုင္ပါတယ္။

iOS အတြက္ ျဖန္႔ခ်ိေပးလိုက္တဲ့ Google News app သစ္ဟာ Android ဗားရွင္းနဲ႔ အတူတူပဲျဖစ္ပါတယ္။ App မွာ section ေလးခု ပါဝင္ပါတယ္။ ပထမတစ္ခုက “For You” ျဖစ္ၿပီး ထိပ္တန္း သတင္းငါးပုဒ္နဲ႔အတူ အယ္ဂိုရစ္သမ္နဲ႔ ေရြးခ်ယ္ထားတဲ့ သတင္းနဲ႔ ျပည္တြင္းသတင္းအခ်ိဳ႕ကို ဖတ္႐ႈႏိုင္မွာျဖစ္ပါတယ္။ ေနာက္ section တစ္ခုက “Headlines” ျဖစ္ပါတယ္။ ဒီ section မွာ “U.S.”, “World”, “Business”, “Tech” စတဲ့ က႑ေတြက ေနာက္ဆံုးေပၚသတင္းေတြကို ေရာေႏွာထားပါတယ္။ ဒီ section ကိုသံုးတဲ့အခါ Twitter နဲ႔ YouTube က လူမႈေရးမီဒီယာ post ေတြနဲ႔အတူ သတင္းရင္းျမစ္အမ်ိဳးမ်ိဳးက သတင္းေဆာင္းပါးေတြကို ေရာေႏွာထားတဲ့ Google ရဲ႕ Full Coverage feature သစ္ကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

Favorites section မွာေတာ့ ၾကယ္ပြင့္အမွတ္အသားလုပ္ထားတဲ့ သတင္းရင္းျမစ္ေတြအျပင္ Pocket လိုမ်ိဳး အားတဲ့အခ်ိန္မွ ဖတ္႐ႈဖို႔အတြက္ save လုပ္ထားတဲ့ သတင္းေဆာင္းပါးေတြကို ေတြ႕ျမင္ႏိုင္ပါတယ္။

ေနာက္ဆံုး section ျဖစ္တဲ့ Newsstand မွာေတာ့ web paywall ကို ေရွာင္လႊဲဖို႔အတြက္ web ဒါမွမဟုတ္ print အတြက္ လစဥ္ေၾကးဝန္ေဆာင္မႈ ေထာက္ပံ့ထားတဲ့ သတင္းဌာနေတြကို subscribe လုပ္ႏိုင္မွာျဖစ္ပါတယ္။ Newsstand မွာေတြ႕ျမင္ရမယ့္ သတင္းဌာနအားလံုးဟာ Google AMP စံသတ္မွတ္ခ်က္ကို ေထာက္ပံ့ေပးမွာျဖစ္တဲ့အတြက္ mobile browser တစ္ခုစီသြားစရာမလိုဘဲ သပ္ရပ္တဲ့ သတင္းစာမ်က္ႏွာေတြကို လ်င္ျမန္စြာ ဖတ္႐ႈႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

=============

[Unicode]

ပြီးခဲ့တဲ့အပတ်က ကျင်းပပြုလုပ်ခဲ့တဲ့ I/O developer conference မှာ အသစ်မွမ်းမံပြင်ဆင်ထားပြီး artificial intelligence (AI) သုံးထားတဲ့ Google News ကို လာမယ့် ရ ရက်အတွင်း Apple App Store ကနေ ဖြန့်ချိသွားမယ်လို့ Google က ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် Google က ဒီကနေ့မှာ Google Play Newsstand app နေရာ အစားထိုးသွားမယ့် Google News app သစ်ကို iOS အတွက် ဖြန့်ချိပေးလိုက်ပါတယ်။

Google News iOS app ကို ဒီကနေ ရယူနိုင်ပါတယ်။ Google News app သစ်ရဲ့ Android ဗားရှင်းကိုတော့ ဒီနေရာကနေ ရယူနိုင်ပါတယ်။

iOS အတွက် ဖြန့်ချိပေးလိုက်တဲ့ Google News app သစ်ဟာ Android ဗားရှင်းနဲ့ အတူတူပဲဖြစ်ပါတယ်။ App မှာ section လေးခု ပါဝင်ပါတယ်။ ပထမတစ်ခုက “For You” ဖြစ်ပြီး ထိပ်တန်း သတင်းငါးပုဒ်နဲ့အတူ အယ်ဂိုရစ်သမ်နဲ့ ရွေးချယ်ထားတဲ့ သတင်းနဲ့ ပြည်တွင်းသတင်းအချို့ကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ နောက် section တစ်ခုက “Headlines” ဖြစ်ပါတယ်။ ဒီ section မှာ “U.S.”, “World”, “Business”, “Tech” စတဲ့ ကဏ္ဍတွေက နောက်ဆုံးပေါ်သတင်းတွေကို ရောနှောထားပါတယ်။ ဒီ section ကိုသုံးတဲ့အခါ Twitter နဲ့ YouTube က လူမှုရေးမီဒီယာ post တွေနဲ့အတူ သတင်းရင်းမြစ်အမျိုးမျိုးက သတင်းဆောင်းပါးတွေကို ရောနှောထားတဲ့ Google ရဲ့ Full Coverage feature သစ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Favorites section မှာတော့ ကြယ်ပွင့်အမှတ်အသားလုပ်ထားတဲ့ သတင်းရင်းမြစ်တွေအပြင် Pocket လိုမျိုး အားတဲ့အချိန်မှ ဖတ်ရှုဖို့အတွက် save လုပ်ထားတဲ့ သတင်းဆောင်းပါးတွေကို တွေ့မြင်နိုင်ပါတယ်။

နောက်ဆုံး section ဖြစ်တဲ့ Newsstand မှာတော့ web paywall ကို ရှောင်လွှဲဖို့အတွက် web ဒါမှမဟုတ် print အတွက် လစဉ်ကြေးဝန်ဆောင်မှု ထောက်ပံ့ထားတဲ့ သတင်းဌာနတွေကို subscribe လုပ်နိုင်မှာဖြစ်ပါတယ်။ Newsstand မှာတွေ့မြင်ရမယ့် သတင်းဌာနအားလုံးဟာ Google AMP စံသတ်မှတ်ချက်ကို ထောက်ပံ့ပေးမှာဖြစ်တဲ့အတွက် mobile browser တစ်ခုစီသွားစရာမလိုဘဲ သပ်ရပ်တဲ့ သတင်းစာမျက်နှာတွေကို လျင်မြန်စွာ ဖတ်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge